အထိုင်များလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ခါးနာနေကြတဲ့သူတွေအတွက် ခါးနားတာသက်သာစေဖို့ နေ့စဉ်ပုံမှန်လုပ်ပေးသင့်တဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအလေ့အကျင့်လေးတွေကိုလုပ်ရင်းနဲ့ ခါးနာတာကို သက်သာအောင်လုပ်လို့ရပါတယ်။

အကြောဆန့်လေ့ကျင့်ခန်းလုပ်ပါ

အကြောဆန့်လေ့ကျင့်ခန်းကို ပုံမှာလုပ်ပေးပါ။ အများကြီးမလုပ်နိုင်ရင်တောင်မှ မနက်ခင်းမှာ အကြော့ဆန့်လေ့ကျင့်ခန်း ၅ ခုလောက် လုပ်ပေးရင်ကို အဆင်ပြေနေပါပြီ။ နေ့တိုင်းလုပ်ပေးရင် အညောင်းအညာပြေပြီး ခါးနာတာလည်း သက်သာလာပါမယ်။

ဒေါက်အနိမ့်ပြောင်းစီးပါ

ဒေါက်ဖိနပ်အမြင့်စီးတဲ့သူတွေဆိုရင် ဒေါက်အနိမ့်ပြောင်းစီးပေးပါ။ ဒေါက်ဖိနစ်စီးတာက ခါးနာတာပိုဆိုးစေပါတယ်။ ဒဏ်ဖြစ်စေပါတယ်။ ဖိနပ်အပါးပဲစီးတာတော့ အကောင်းဆုံးပါပဲ။

၁၀ မိနစ်လမ်းလျှောက်ပါ

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ် ကျန်းမာရေးလမ်းလျှောက်ပေးပါ။ တင်းနေတဲ့အကြောတွေပြေပြီး ခါးနာတာလည်း သက်သာစေပါတယ်။ ခါးနာလို့ဆိုပြီး အမြဲလှဲနေတာမျိုးလည်း မလုပ်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်လောက်တော့ လမ်းလျှောက်ပေးပါ။

Position ပြောင်းပေးပါ

အထိုင်များတဲ့သူတွေဆိုရင် ပုံစံတစ်မျိုးထဲ၊ တစ်နေရာထဲမှာပဲ ထိုင်နေတာမျိုး မလုပ်ပါနဲ့။ Position ပြောင်းထိုင်တာမျိုး၊ ထလမ်းလျှောက်တာမျိုးတွေ လုပ်ပေးပါ။ ခဏခဏ Position ပြောင်းပေးပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အသက်ကို ရှိုက်ပြီးရှူသွင်းလိုက်၊ ခပ်ပြင်းပြင် ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးပါ။ နာကျင်တာတွေ သက်သာစေတဲ့အပြင် Stress တွေလည်း လျော့ကျစေပါတယ်။

အိပ်တဲ့ပုံစံပြောင်းလဲပါ

ခါးနာတဲ့သူက အိပ်တဲ့ပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။ ခါးနာတဲ့သူတွေ အိပ်ရတဲ့ပုံစံမျိုးအတိုင်း ပြောင်းအိပ်ပေးပါ။ ခါးနာတာ သက်သာလာပါလိမ့်မယ်။