အားနေတဲ့အချိန်တွေမှာ ဘာမှမလုပ်ပဲ ထိုင်နေတာမျိုး၊ အိပ်လိုက်၊ စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ facebook သုံးလိုက်နဲ့ အချိန်ကုန်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်အတွက် အကျိုးရှိစေမယ့် ဒီအရာတွေကိုလည်း လုပ်ကြည့်ပါ။

စာအုပ်ဖတ်ပါ

ကိုယ့်ဘဝအတွက်အကျိုးရှိစေမယ့် စာအုပ်တွေ၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေကို များများဖတ်ပါ။ လေ့လာပါ။ စာဖတ်အားကောင်းရင် ဗဟုသုတကြွယ်ဝပြီး အတွေးအခေါ်နဲ့ အပြောအဆိုတွေ အများကြီး ပြောင်းလဲသွားစေပါတယ်။ သူများထက် ပိုပြီးတိုးတက်လာပါလိမ့်မယ်။

ဘာသာစကားလေ့လာပါ

အခုခေတ်က ဘာသာစကား အနည်းဆုံး တစ်ခုတော့ တက်ထားမှကိုဖြစ်မှာပါ။ ဒါကြောင့် ကိုယ်က ဘယ်ဘာသာစကားကို ဝါသနာပါလဲ စဉ်းစားပါ။ ပြီးရင် သင်တန်းမတက်နိုင်ရင်တောင် အားတဲ့အချိန်မှာ လေ့လာပါ။ Youtube ကနေ လေ့လာပါ။ ဘာသာစကားတစ်ခုခု တက်ထားရင် ကိုယ့်အတွက် အများကြီး အကျိုးရှိပါတယ်။

လေ့ကျင့်ခန်း (သို့) ယောဂလုပ်ပါ

ကျန်းမာရေးကောင်းပြီး လှပဖို့အတွက် အားတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။ Gym မသွားဖြစ်လည်း အိမ်မှာပဲ free program တွေနဲ့ လုပ်လို့ရပါတယ်။ လေ့ကျင့်ခန်းမလုပ်ချင်ရင် ယောဂကျင့်ပါ။ ယောဂကျင့်တာကတော့ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးရှိစေသလို စိတ်တည်ငြိမ် အေးချမ်းစေပါတယ်။ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

ဝါသနာပါတာတစ်ခုခုကိုလုပ်ပါ

အားတဲ့အချိန်မှာ ဘာမှမလုပ်ချင်ရင်တောင်မှ အိပ်လိုက်စားလိုက်၊ တစ်ချိန်လုံး ဖုန်းပွတ်လိုက်နဲ့ အချိန်ကုန်နေမယ့်အစား ကိုယ်ဝါသနာပါတာ တစ်ခုခုကို လုပ်လိုက်ပါ။ ဥပမာ – crochet ထိုးတာဝါသနာပါရင် လေ့လာပြီး သင်ယူပါ။ ပြီးရင် ထိုးကြည့်ပါ။ ဝါသနာပါတာဆိုရင် ခဏလေးနဲ့တတ်ပါတယ်။ ဒီတော့ ကိုယ်သာ crochet သေချာထိုးတတ်သွားရင် ကိုယ်ဝတ်ဖို့ ကိုယ်တိုင်ထိုးလို့ရတယ်၊ အားနေရင် အပိုဝင်ငွေရအောင် ကိုယ်ထိုးထားတာလေးတွေ ရောင်းလို့တောင် ရပါသေးတယ်။