ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာ၊ မျက်စိကြောင်ပြီး တော်ရုံနဲ့အိပ်မရတာတွေဟာ သင်ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းကို ဖျက်စီးနေတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

မအိပ်ခင်မှာဖုန်း၊ တီဗီကြည့်ခြင်း

အိပ်ချိန်နီးမှ ဖုန်း၊ တီဗီ၊ ကွန်ပြူတာကြည့်တာက မျက်စိကြောင်ပြီး အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ အကျင့်ဖြစ်နေရင်တောင်မှ ကောင်းမွန်စွာအိပ်စက်ချင်ရင်တော့ ပြင်ရပါမယ်။ အနည်းဆုံး အိပ်မယ့်အချိန်ရဲ့ နာရီဝက်အလိုမှာထဲက screen time ကို အနားပေးလိုက်ပါ။

အိပ်စက်ချိန်ပုံမှန်မရှိခြင်း

အိပ်စက်ချိန်ပုံမှန်မထားပဲ အိပ်ချင်တဲ့အချိန်မှအိပ်တာမျိုး၊ ညသန်းခေါင်အထိမအိပ်ပဲ ၂ နာရီ၊ ၃ နာရီမှအိပ်ပြီး မနက်ကျ တော်ရုံနဲ့မထတာမျိုးတွေက ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းကို အနှောက်အယှက်ပေးပါတယ်။

အိပ်ချိန်နီးမှအစာကိုအများကြီးစားခြင်း

အိပ်ချိန်နီးမှ အစာကို အများကြီးစားတာက အစာကောင်းကောင်းမခြေနိုင်တဲ့အတွက် အစာမကြေတာ၊ ရင်ထဲနေလို့မကောင်းတာ၊ လည်ပင်းမှာတစ်ဆို့သလိုဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအရာတွေဖြစ်ရင် နေရတာအဆင်မပြေတဲ့အတွက် တော်ရုံနဲ့လည်း အိပ်မပျော်ပါဘူး။

နောက်ကျမှကော်ဖီသောက်ခြင်း

ကော်ဖီသောက်တာက စိတ်ကြည်လင်လန်းဆန်းစေပြီး မျက်စိကြောင်စေပါတယ်။ နောက်ကျမှကော်ဖီသောက်မယ်ဆိုရင် တော်ရုံနဲ့အိပ်မပျော်တော့ပဲ အိပ်ချင်စိတ်ဖြစ်လည်း မျက်စိကြောင်နေတာမျိုးတွေဖြစ်တဲ့အတွက် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းကို ပျက်စီးစေပါတယ်။

အိပ်ခန်းကညစ်ပတ်ရှုပ်ပွနေခြင်း

ကိုယ့်အိပ်ခန်းက အနံ့အသက်မကောင်းပဲ ညစ်ပစ်ရှုပ်ပွနေရင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ တော်ရုံနဲ့အိပ်မပျော်တာမျိုး၊ အိပ်ပျော်သွားပြီးရင်လည်း ခဏခဏပြန်နိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

source:www.brightside.me