လက်မောင်းနောက်ဘက်မှာ အဆီတွေရှိရင် အင်္ကျီကိုယ်ကျပ်တွေဝတ်တဲ့အခါမှာ ပိုသိသာပါတယ်။ ဒီလိုအဆီတွေရှိနေရင် လက်မောင်းကြီးတယ်လို့ ထင်ရပါတယ်။ အဆီတွေသာ မရှိရင် လက်မောင်းသားကျစ်လစ်ပြီး လှပနေမှာပါ။ ဒါကြောင့် လက်မောင်းနောက်ဘက်က အဆီတွေလျော့ကျသွား အောင် ကူညီပေးမယ့်လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကြိုးခုန်ပါ။ အနည်းဆုံး ၂ မိနစ် (သို့) ၅ မိနစ်ရအောင် ကြိုးခုန်ပါ။

A ပုံထဲက အနေအထားအတိုင်း အလေးတုန်းကိုကိုင်နေပါ။ ပြီးရင်တော့ B ပုံထဲကလို အလေးကိုင်ပြီး လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင် C ပုံထဲကလို အလေးကိုင်ပြီး နောက်လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်ပါ။ ဘယ်တစ်လှည့်၊ ညာတစ်လှည့်ပေါ့။ လက်မောင်းကို ဆန့်ထုတ်ပြီးရင် အဲ့လို ဆန့်ထားတဲ့ အနေအထားအတိုင်း စက္ကန့် ၆၀ နေပေးရပါမယ်။ ၃ မျိုး ၃ ကြိမ်ပြည့်အောင် လုပ်ပေးပါ။

A ပုံထဲကအတိုင်း အလေးကိုကိုင်ပြီး ခြေထောက်ကို ထောင့်ချိုးကျကျကွေးထားပါ။ ပြီးရင် B ပုံထဲကလို ခြေထောက်ကိုလည်း တန်းနေအောင်းမြှောက်၊ ခေါင်းကိုလည်း ကြွပြီး လက်နှစ်ဖက်ကိုလည်း ဆန့်ထုတ်ပါ။ အဲ့အတိုင်း ၄၅ စက္ကန့် နေပေးပါ။ ပြီးမှ ခြေထောက်ပြန်ချပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၃ ကြိမ်လုပ်ပေးရပါမယ်။

ဘောလုံးမရှိရင်လည်း ကြမ်းခင်းမှာပဲ လှဲပြီး အလေးကိုကိုင်ကာ ပထမပုံထဲကလို လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ပြီးရင် အလေးနှစ်ဖက်ကို ပူးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၃ ကြိမ်လုပ်ပေးရပါမယ်။

ဒိုက်ထိုးသလိုလေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ ၄၅ စက္ကန့် ဆက်တိုက်လုပ်ပြီး စက္ကန့် ၂၀ နားပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ပေးရပါမယ်။

A ပုံထဲကလို ကြမ်းမှာမှောက်ပြီး လက်နဲ့ခြေထောက်ကို ဆန့်ထားပါ။ ပြီးရင် ဝမ်းဗိုက်ကို အားပြုပြီး လက်နဲ့ ခြေထောက်ကို B ပုံထဲကလို မြှောက်လိုက်ပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၂၀ နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၃ ကြိမ်လုပ်ပေးရပါမယ်။

Source: www.brightside.me