ဗိုက်မှာစုနေတဲ့အဆီက တခုတည်းကွက်ပြီးချလို့မရပါဘူး ။ ဒါပေမယ့် အခုပြောပြပေးမယ့် Cardio လေ့ကျင့်ခန်းတွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး တစ်ကိုယ်လုံးက အဆီကျစေတာမလို့ ဝမ်းဗိုက်က အဆီတွေကိုလည်း ကျစေပါတယ်။

Sprints

အချိန်တိုအတွင်းမှာ အားကုန်သုံးပြီး ပြေးတာက ဗိုက်ကအဆီတွေကို မယုံနိုင်လောက်အောင် ထိရောက်တဲ့ Cardio လေ့ကျင့်ခန်းမလို့ အချိန်မရှိဘူးဆိုရင် ဒါကို စမ်းကြည့်သင့်ပါတယ်။

Jump Rope

ကြိုးခုန်တာက နှလုံးသွေးကြောကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး တစ်ကိုယ်လုံးကအဆီတွေသာကမက ဗိုက်ကအဆီတွေကိုပါကျစေတဲ့ Cardio လေ့ကျင့်ခန်းတစ်ခုပါပဲ။

Kickboxing

လှုပ်ရှားမှုအမျိုးမျိုးလုပ်ရတဲ့ လက်သီးနဲ့ကန်ချက်တွေပါတဲ့ Kickboxing ကလည်း တစ်ကိုယ်လုံးကအဆီတွေကို မြန်မြန်ကျစေတဲ့ Cardio လေ့ကျင့်ခန်းထဲမှာ ပါပါတယ်။

Cycling

အိမ်ထဲမှာဘဲ အားကစားဘီးနဲ့ ဒါမှမဟုတ် အပြင်မှာ စက်ဘီးစီးတာကလည်း Cardio လေ့ကျင့်ခန်းထဲမှာ ပါပါတယ်။ တစ်ပတ်အတွင်း ဗိုက်အဆီကျဖို့ဆိုရင်တော့ ကုန်းတက်ကိုရွေးနင်းပေးပါ။

Rowing Machine

လှေလှော်စက်က ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းမလို့ အသက် ၄၀ အရွယ် အမျိုးသားတွေနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ လေ့ကျင့်ခန်းပါပဲ။

Group Fitness Classes

Zumba၊ CrossFit တို့လို အဖွဲ့လိုက်ဆော့ရတဲ့လေ့ကျင့်ခန်းတွေက လေ့ကျင့်ခန်းလုပ်ဖို့မပျင်းစေဘဲ စိတ်ပိုင်းဆိုင်ရာ တက်ကြွစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ များများလှုပ်ရှားလေ၊ ကယ်လိုရီတွေ လောင်ကျွမ်းလေလေ၊ ဗိုက်အဆီလည်းကျလေပါ။