ခြေသလုံးမွှေးကို ရိတ်တာထက်စာရင် Wax လုပ်တာက ပိုကောင်းပါတယ်။ ခြေသလုံးမွှေးရိတ်တဲ့အခါမှာ အသားအရေအတွက် ဒီလိုဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

အသီးထခြင်း

ခြေသလုံးမွှေးရိတ်ရင် အစိအစိလေးတွေဖြစ်ပြီး အသီးထတာတွေ ဖြစ်စေပါတယ်။ Wax လုပ်ရင်တော့ ဒါမျိုးတွေမဖြစ်ပဲ အသားအရေက ချောမွေ့သွားစေပါတယ်။ ခြေသလုံးမှမဟုတ်ပါဘူး။ ဂျိုင်းမွှေးရိတ်ရင်လည်း ဒီလိုပဲ အသီးထပါတယ်။

အသားခြောက်ခြင်း

ခြေသလုံးမွှေးရိတ်တာက ပုံမှန်ထက်ပိုပြီး အသားခြောက်စေပါတယ်။ ဒါကြောင့် မရိတ်ပဲ Wax ပဲလုပ်ပါ။ မဖြစ်မနေမို့လို့ ရိတ်ရပြီဆိုရင်လည်း Lotion သေချာပြန်လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။

အမွှေးကြမ်းထွက်ခြင်း

ခြေသလုံးမွှေးရိတ်ပြီး ပြန်ထွက်လာရင် အမွှေးကြမ်းတွေ ထွက်ပါတယ်။ မွှေးညှင်းနုလေးတွေ မဟုတ်တော့ပဲ မဲမဲထင်းထင်းကြီးတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် မရိတ်ပါနဲ့။ Wax လုပ်တာက အကောင်းဆုံးပါပဲ။

အသားအရေထိခိုက်ခြင်း

ခြေသလုံးမွှေးရိတ်နေရင်းနဲ့ အခန့်မသင့်ရင် ရိတ်နေရင်းနဲ့ ဓားရှတာမျိုးတွေ၊ စပ်တာမျိုးတွေ၊ အသားအရေ နီမြန်းတာမျိုးတွေ ဖြစ်စေပါ်တယ်။ ရိတ်ပြီးရင်လည်း ရှတတနဲ့ အဝတ်အစားဝတ်ရင် နေရခက်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်သုံးတဲ့ဓားက မသန့်တဲ့အခါ၊ သံချေးတက်နေတဲ့အခါမှာဆိုရင် ပိုးဝင်တာမျိုးတွေလည်း ဖြစ်နိုင်တာကြောင့် ရိတ်တာကို ရှောင်သင့်ပါတယ်။

အသားအရေ Sensitive ဖြစ်ခြင်း

ခြေသလုံးမွှေးရိတ်ပြီး အပြင်သွားတဲ့အခါမှာ Lotion မလိမ်းပဲ Sunscreen မလိမ်းပဲ အတိုအပြတ်တွေ ဝတ်မိရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးပြီး Sensitive ဖြစ်လာပါလိမ့်မယ်။ ခြေသလုံးမွှေးရိတ်ပြီးချိန်၊ Wax လုပ်ပြီးချိန်တွေမှာ အသားအရေက နုသွားတဲ့အတွက် သေချာဂရုမစိုက်ရင် Sensitive ဖြစ်လွယ်ပြီး အသားလည်းပိုမဲစေပါတယ်။