ပင်ပန်းနွမ်းနယ်လာတဲ့အခါ Massage Therapy သွားရတာကြိုက်ကြလားရှင် ? Massage Therapy က ခန္ဓာကိုယ်တစ်ခုလုံး အညောင်းအညာပြေစေပြီး ပေါ့ပါးစေပါတယ်နော်။ ဒါပေမယ့် Massage Therapy လုပ်ပြီးပြီးချင်း ဒီအချက်တွေကို လုပ်မိရင် Massage Therapy ရဲ့ အကျိုးကို အပြည့်အဝမခံစားရတော့ပါဘူး။

ဒါကြောင့် Massage Therapy လုပ်ပြီးပြီးချင်း ရှောင်ရမယ့်အချက်လေးတွေကို ဝေမျှလိုက်ပါတယ်နော်။

ရေသောက်နည်းတာ

Massage Therapy က အရေပြားကို ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ကူညီပေးနိုင်တာကြောင့် ရေကို လုံလုံလောက်လောက်သောက်ပေးဖို့ အရေးကြီးပါတယ်။

ချက်ချင်းရေချိုးတာ

Massage လုပ်တဲ့အဆီတွေကို အရေပြားဆဲလ်တွေက ချက်ချင်း မစုပ်ယူသေးပါဘူး။ ဒါကြောင့် အဆီတွေကို အရေပြားဆဲလ်တွေကစုပ်ယူနိုင်ဖို့ အနည်းဆုံး တစ်နာရီလောက်နေမှ ရေချိုးပါ။

ရေပူနဲ့ချိုးတာ

Massage Therapy လုပ်ပြီးလို့ရေချိုးတဲ့အခါ တချို့က ရေနွေးနဲ့ချိုးတတ်ကြပါတယ်။ တကယ်က အကိုက်အခဲပျောက်ဖို့ ရေအေးသုံးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် ရေချိုးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ သုံးတာ အကောင်းဆုံးပါပဲ။ ဒါက ခန္ဓာကိုယ်ကို ပြေလျော့စေနိုင်ပါတယ်။

အများကြီးစားတာ

နှိပ်နယ်ပြီးရင် ဗိုက်ဆာသလို ခံစားရနိုင်ပါတယ်။ ဗိုက်ဆာလို့ အများကြီးစားမိရင် ဗိုက်အောင့်ခြင်း၊ ပျင်းရိခြင်း ထုံထိုင်းခြင်းတို့ကို ခံစားပါလိမ့်မယ်။ ဒါကြောင့် နှိပ်နယ်ပြီးရင်စွမ်းအင်ခံစားရဖို့ ပေါ့ပါးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို စားတာ အကောင်းဆုံးပါပဲ။

ကော်ဖီသောက်တာ

နှိပ်ပြီးပြီးချင်း ကော်ဖီသောက်တာက ကောင်းတဲ့အရာမဟုတ်ပါဘူး ။ ဒါ့အပြင် ကော်ဖီကို နောက်တစ်နေ့မှသောက်ပြီး ရေလုံလုံလောက်လောက်သောက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းတာ အကောင်းဆုံးပါပဲ။

အရက်သောက်တာ

အရက်သောက်တာ ကရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့် နှိပ်ပြီးပြီးချင်း အရက်သောက်ခြင်းကို တစ်ရက်ရှောင်ရပါမယ်။ ရေဓာတ်ကို မြှင့်တင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လုံလောက်တဲ့ ရေကို သောက်တာက အကောင်းဆုံးပါပဲ။

ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာ

ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်တာက ကြွက်သားတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် နှိပ်ပြီးရင် ပြင်းထန်တဲ့ လှုပ်ရှားမှုတချို့ကို ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်ကို အပန်းဖြေဖို့ အနားယူတာ အကောင်းဆုံးပါပဲ။