နေရာတိုင်း အရာရာတိုင်းမှာ ဘယ်သူမှမပြောဘဲနဲ့ စောင့်ထိန်းရမယ့်ကျင့်ဝတ်ဆိုတာ ရှိပြီးသားပါ။ ဒီလိုပဲ လေ့ကျင့်ခန်းလုပ်ဖို့အတွက် Gym သွားတဲ့အခါမှာလည်း Gym မှာလည်း မလုပ်သင့်တဲ့အရာဆိုတာ ရှိပြီးသားပါ။ ဒါကတော့ Gym သွားတဲ့အခါ မလုပ်သင့်တဲ့အချက်တွေပါ။

ချွေးမသုတ်ဘဲထားခဲ့တာ

Equipment မှာ ဆော့ပြီးတိုင်း ကိုယ့်ရဲ့ချွေးတွေကို ပြန်သုတ်ခဲ့ဖို့ မမေ့ပါနဲ့။ ဘယ်သူမှ သူစိမ်းရဲ့ချွေးတွေပေနေတဲ့ Equipment မှာ မဆော့ချင်ပါဘူး။

ဖုန်းပြောတာ

 

Gym က ဖုန်းပြောတဲ့နေရာမဟုတ်ပါဘူး။ ဒါကြောင့် မဖြစ်မနေပြောရမယ့်ဖုန်းလာခဲ့ရင် သင့်ဖုန်းပြောသံကြောင့် တခြားလူတွေ အနှောင့်အယှက်မဖြစ်အောင် တိုးတိုးပြောပါ ဒါမှမဟုတ် အပြင်ထွက်ပြီး ပြောပါ။

ပြန်မသိမ်းဘဲထားခဲ့တာ

အလေးတုံးတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးသွားရင်တော့ အလေးတွေကို သူ့နေရာနဲ့သူ ပြန်ထားဖို့ မမေ့ပါနဲ့ ။

စောင့်နေတာ

သင်ဆော့မယ့် Equipment မှာ တခြားလူဆော့နေရင် တခြားတစ်ခုကို အရင်ဆော့ရင်းစောင့်ပေးပါ။ အနားမှာသွားပြီး ရစ်သီရစ်သီလုပ်နေတာက တခြားသူကို စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။

Locker ခန်းမှာ Video Call ပြောတာ

Locker ခန်း မှာ သင့်ချစ်သူ သူငယ်ချင်းနဲ့ Video Call ပြောတာက တခြားလူတွေအတွက် အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဥ်သင့်ပါတယ်။

ပစ္စည်းတွေပွနေတာ

Gym တော်တော်များများမှာ သင့်ပစ္စည်းတွေထားဖို့ နေရာလွတ်မရှိပါဘူး။ ဒါကြောင့် သင့်ပစ္စည်းတွေကို Locker ထဲမှာ ထားခဲ့ပါ။

အချိန်ဆွဲတာ

Gym မှာဆော့နေတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ။ ဒါကြောင့် Equipment တစ်ခုတည်းမှာ အချိန်ဆွဲပြီး မဆော့သင့်ပါဘူး။ တကယ်လို့ သင်အသုံးပြုနေတဲ့ Equipment တစ်ခုကို စောင့်နေတဲ့သူရှိရင် သင်ဘယ်လောက်ကြာနိုင်မလဲဆိုတာ ပြောပြပါ။