မျက်ကွင်းညိုတာဖုံးဖို့အတွက် မျက်လုံးအောက်နားကို Concealer လိမ်းတဲ့အခါမှာ လိမ်းတဲ့ပုံစံမှားနေရင် အဲ့နားပဲကွက်ပြီးပြာနေတာမျိုး၊ ထူပြီးကြည့်မကောင်းတာမျိုး၊ မျက်ကွင်းညိုတာ ပိုသိသာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိမ်းမယ်ဆိုရင်လည်း လှလှပပနဲ့ သေသပ်စွာလိမ်းနိုင်ဖို့အတွက် မျက်လုံးအောက်ကို Concealer လိမ်းတဲ့အခါမှာ သိထားသင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

မှန်ကန်တဲ့ Shade ကိုရွေးချယ်ပါ

Concealer သုံးတဲ့အခါမှာ ဖြူတာမျိုးကို လုံးဝမရွေးပါနဲ့။ ကိုယ့်အသားအရောင်နဲ့ တစ်ထပ်တည်းကျမယ့် Shade (သို့) Color Concealer မျိုး သုံးပေးပါ။

လိမ်းတဲ့ပုံစံ

Concealer လိမ်းတဲ့အခါ မျက်ကွင်းညိုတဲ့နေရာကို အများကြီးလိမ်းချပစ်တာမျိုး၊ အကွင်းလိုက်ယူပြီး လိမ်းချပစ်တာမျိုး မလုပ်ရပါဘူး။ ပြာသွားတတ်ပါတယ်။ ဒုတိယပုံမှာ ပြထားသလိုလေး လိမ်းပေးရပါမယ်။

Moisturize

မျက်ကွင်းညိုတဲ့နေရာကို Concealer လိမ်းတဲ့အခါ တန်းလိမ်းတာမျိုး မလုပ်ပါနဲ့။ အသားအရေခြောက်သွေ့နေပြီး ဆွဲလိမ်းရသလို Look လည်းမလှတော့ပါဘူး။ ဒါကြောင့် Moisturizer လိမ်းပေးတာမျိုး၊ Eye Cream လိမ်းပေးတာမျိုး လုပ်ရပါမယ်။ ပြီးမှ Concealer လိမ်းရပါမယ်။

Powder

Concealer လိမ်းပြီးရင်လည်း ဒီတိုင်းမထားပဲ Powder နည်းနည်း လိမ်းပေးရပါမယ်။ ဒါမှ သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး ပိုလှသွားမှာပါ။

Foundation လိမ်းပြီးမှ Concealer လိမ်းပါ

Concealer လိမ်းပြီးမှ Foundation လိမ်းတာမျိုး မလုပ်ပါနဲ့။ အရင်ဆုံး Foundation အရင်လိမ်းပါ။ မျက်လုံးအောက်နားကိုက ပါးပါးလေးပဲလိမ်းပေးပါ။ ပြီးတော့မှ Concealer ထပ်လိမ်းပါ။

ပမာဏအများကြီးမလိမ်းပါနဲ့

Concealer လိမ်းတဲ့အခါမှာ အရေးကြီးတာက ပမာဏအများကြီး မလိမ်းမိဖို့ပါပဲ။ ပြာသွားပါလိမ့်မယ်။ ပြာသွားရင် ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် သင့်တော်သလောက်ပဲယူပြီး သေချာလိမ်းပေးပါ။