လူတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ တစ်ခြားသူတွေရဲ့ အထင်သေးနှိမ့်ချမှု ၊ ရှုံးနိမ့်မှာ ကြောက်နေမှု ၊ သူများတွေရဲ့ အထင်အမြင်ကို စိုးရိမ်မှုနဲ့ ကိုယ့်စွမ်းကိုယ်စကို ကြီးပွားခွင့်မပေးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြီးပြင်းလာမှုတွေလည်း ပါဝင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းသွားရင် ဘာပဲလုပ်လုပ် ခက်ခဲပင်ပန်းပါတယ်။ ယုံကြည်မှုနဲ့ သွားတဲ့ ခရီးဟာ မြန်ဆန်ချောမွေ့ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရတယ်ဆိုရင် ဒီအချက်လေးတွေကို သတိရပေးဖို့ လိုပါတယ်။
(၁) အမြင်တွေက အချက်အလက်မှန်တွေ မဟုတ်ပါဘူး
Photo: Freepik
တစ်ခြားသူတွေရဲ့ အမြင်နဲ့ မှတ်ချက်တွေက သူတို့နဲ့ပဲ ဆိုင်ပါတယ်။ ဒါကို အမှန်တရားလို့ သတ်မှတ်လို့ မရပါဘူး။ အမြင်တွေဆိုတာ ခံစားချက်ကို အခြေခံပြီး ဖြစ်တည်လာတာ ဖြစ်လို့ လူတွေရဲ့ အမြင်တိုင်းကို လိုက်စဉ်းစားနေရင် ကိုယ်ပိုင်ဘဝနဲ့ ကိုယ့်ရပ်တည်ချက်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်။
(၂) အချိန်ယူဖို့ လိုတယ်
Photo: Freepik
ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်အရည်အချင်းကို မြေတောင်မြောက်ဖို့ဆိုတာ အချိန်လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမှ မဟုတ်တာ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ဖို့ အဆင်မပြေတာနဲ့ပဲ လက်မလျှော့လိုက်ပါနဲ့။ အချိန်ပေးလိုက်ပါ။
(၃) ကြောက်ရွံ့မှုနဲ့ ထိပ်တိုက် ရင်ဆိုင်ပါ
Photo: freepik
ကြောက်စိတ်ဟာ ကြောက်စရာအကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ကြောက်နေတဲ့ အရာနဲ့ One By One မျက်နှာချင်း ရင်ဆိုင်လိုက်တာဟာ ကိုယ့်ဘဝမှာ အရေးကြီးဆုံး အပြောင်းအလဲတစ်ခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာတယ် ခံစားရတယ်ဆိုရင် သတ္တိ Level ကို ပိုမြှင့်လိုက်ဖို့ အကြံပြုချင်ပါတယ်။
(၄) ကိုယ်က တစ်ခြားသူတွေနဲ့ မတူဘူး
Photo: Freepik
ကိုယ်က ကွဲပြားပါတယ်။ လူတိုင်းမှာ ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလို့ ခံစားမိနေရင် ကိုယ်ဟာ တစ်ခြားသူတွေနဲ့ ကွဲပြားနေတယ်ဆိုတာကို သတိရဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်ခြားသူတွေရဲ့ ပုံစံနဲ့ လိုက်တူစရာ မလိုပါဘူး။ ကိုယ်တိုင် ကိုယ်ပိုင်နည်းလမ်းတွေ ဖြစ်ဖို့ပဲ အာရုံစိုက်သင့်ပါတယ်။