ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေဖို့ ရှောင်ကြဉ်သင့်တဲ့အရာတွေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
အိပ်ခါနီး ၂ နာရီအလိုမှာ Screen Time ကိုရပ်ပါ
အိပ်ခါနီး ၂ နာရီအလိုမှာထဲက screen time ကို ရပ်လိုက်ပါ။ ဖုန်းသုံးတာ၊ TV ကြည့်တာ ဘာမှမလုပ်ပါနဲ့တော့။ ပျင်းရင်စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာမျိုး လုပ်ပေးနိုင်ပါတယ်။
2PM နောက်ပိုင်းမှာကော်ဖီမသောက်ပါနဲ့
ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံးအိပ်ပျော်ချင်ရင် မျက်စိကြောင်တတ်တဲ့သူတွေက 2PM နောက်ပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်တွေ လုံးဝမသောက်ပါနဲ့။
ညနေခင်းယောဂကျင့်ပါ
ညနေခင်းမှာ ယောဂကျင့်ပေးတာက ကိုယ်ရောစိတ်ပါ relax ဖြစ်စေပြီး stress တွေလည်း လျော့ကျစေတယ်၊ ညဘက်တွေမှာလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
အိပ်ချိန်ပုံမှန်သတ်မှတ်ပါ
အရေးအကြီးဆုံးကတော့ အိပ်ချိန်ပုံမှန်သတ်မှတ်ပြီး အိပ်ဖို့ပါပဲ။ အိပ်ချိန်ပုံမှန်လုပ်ထားရင် အချိန်ကျတာနဲ့ မျက်လုံးက အလိုလိုအိပ်ချင်လာပါတယ်။
အိပ်ခါနီးရေနွေးနဲ့ရေချိုးပါ
အိပ်ခါနီး တစ်နာရီလောက်အလိုမှာ ရေနွေးနဲ့စိမ်ပြီး ရေချိုးပေးမယ်ဆိုရင်တော့ ပင်ပန်းနေတာတွေ၊ stress တွေ အကုန်လျော့ကျပြီး နေလို့ကောင်းသွားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။
တရားထိုင်ပါ
အိပ်ခါနီး ၂ နာရီလောက်အလိုမှာ ဖုန်းမသုံးပဲနေရတာ ပျင်းလာရင် တရားထိုင်ပါ။ အိပ်ခါနီးတရားထိုင်ပေးရင် စိတ်ရှုပ်ထွေးနေတာတွေ၊ ညစ်နေတာတွေအားလုံး ပြေပျောက်သွားပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။