Stress တွေများနေတာကို ကိုယ့်ကိုယ်ကို သတိမထားမိတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရာတွေကိုကြည့်ပြီးတော့ Stress တွေ အရမ်းများနေလားဆိုတာကို သိနိုင်ပါတယ်။

အိပ်မပျော်ခြင်း

Stress တွေအရမ်းများတဲ့အခါမှာတော့ အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။ ညဘက်တွေအိပ်မပျော်တာမျိုး၊ အိပ်ချင်နေပေမယ့် ဘယ်လိုမှအိပ်မရတာမျိုးတွေ ဖြစ်လာစေပါတယ်။

ခေါင်းကိုက်ခြင်း

Stress များတဲ့အခါမှာ ဖြစ်လာတတ်တဲ့ နောက်ထပ်တစ်ခုကတော့ ခဏခဏခေါင်းကိုက်တာပါပဲ။ အကြောင်းအရင်းမရှိ ခဏခဏခေါင်းကိုက်နေတာမျိုးပါ။ အိပ်ရေးကလည်းပျက်တော့ ပိုဆိုးတာပေါ့။

အစာခြေစနစ်မကောင်းခြင်း

အစာခြေစနစ်မကောင်းပဲ ဗိုက်အောင့်တာ၊ ရင်ပြည့်တာတွေကလည်း အရင်ကမဖြစ်ပဲ နောက်ပိုင်းမှ ဖြစ်လာတယ်ဆိုရင် Stress တွေများနေတာ ဖြစ်နိုင်ပါတယ်။

Skin Problem တွေဖြစ်လာခြင်း

Stress များတဲ့အခါမှာ Skin Problem တွေကလည်း ဖြစ်လာပါသေးတယ်။ ဝက်ခြံတွေထွက်လာတာမျိုး၊ အရေပြားယားယံလာတာမျိုး၊ အသားအရေညစ်ပြီး မျက်ကွင်းညိုလာတာမျိုးတွေ ဖြစ်ပါတယ်။

Weight အပြောင်းအလဲဖြစ်လာခြင်း

ပိန်ရင်လည်း အရမ်းပိန်ကျသွားတာမျိုး၊ မပိန်ရင်လည်း Weight တက်ပြီး ဝလာတာမျိုးတွေ ဖြစ်လာတာကလည်း Stress များခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

အသက်ရှူကြပ်ခြင်း

Stress တွေများတဲ့အခါ၊ စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေ များတဲ့အခါမှာ ဖြစ်တတ်တဲ့နောက်တစ်ခုကတော့ အသက်ရှူကြပ်တာပါပဲ။ ခဏခဏအသက်ရှူကြပ်တာ၊ တစ်ခါတစ်ခါလေဆိုရင် လုံးဝအသက်ရှူမရတော့သလိုဖြစ်ပြီး နေရခက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။