လက်သည်း၊ ခြေသည်းတွေ foot cleansing ပိုင်းတွေနဲ့ပတ်သက်ပြီး ကိုယ်မသိပဲလုပ်မိနေတာတွေက ဆိုးကျိုးရှိနိုင်တာတွေ အများကြီးပါ။ ဒါကြောင့် လုပ်မယ်ဆိုရင်လည်း သတိထားဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

အသားမာတိုက်ခြင်း

ခြေထောက်အသားမာတိုက်တာမျိုးက ဆရာဝန်တွေလုံးဝ recommend မပေးတဲ့အရာပါ။ အရေပြားပါးတာမျိုး၊ သွေးလည်ပတ်မှုမကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် cream နဲ့ပွတ်ပြီး အသားမာဖယ်တာမျိုးပဲ လုပ်ပေးသင့်ပါတယ်။

Ingrown toenail treatment

Ingrown toenail treatment လုပ်ရင် nail artist တွေ၊ beauty salons တွေမှာ လုပ်တာထက်စာရင် ဆရာဝန်နဲ့လုပ်တာက ပိုပြီးကောင်းပါတယ်။

လက်စွယ်ငုပ်၊ လက်သည်းအသားမာ

လက်စွယ်ငုပ်တာနဲ့ လက်သည်းအသားမာတွေဖယ်ဖို့ ညှပ်ထုတ်ပစ်တာက အရမ်းစပ်ပါတယ်။ လုပ်ပြီးရင် အဲ့နားလေးတွေက စပ်နေတာသိသာပါတယ်။ သေချာမလုပ်တတ်ရင် သွေးထွက်တာတွေအထိ ဖြစ်တတ်ပါတယ်။ သွေးထွက်ရင် ပိုးဝင်ပါမယ်။

လက်သည်းဝါခြင်း

လက်သည်းနီတွေခဏခဏဆိုးရင် လက်သည်းဝါတာတော့ အမှန်ပါပဲ။ ဒါပေမယ့် လက်သည်းဝါတာမျိုး အရမ်းမဖြစ်အောင်၊ လက်သည်းပျက်စီးမှုနည်းအောင်တော့ လုပ်လို့ရပါတယ်။ နည်းလမ်းကတော့ လက်သည်းနီကို လက်သည်းပေါ်တိုက်ရိုက်မဆိုးပဲ အောက်ကနေ base coat ခံဆိုးပေးတာပါပဲ။

လက်သည်းအားဖြည့်ဆီမလိမ်းခြင်း

လက်သည်းနီတွေလည်း ခဏခဏဆိုးလိုက်၊ ဖျက်လိုက်လုပ်နေတယ်၊ လက်သည်းအားဖြည့်ဆီလည်းမလိမ်းဘူးဆို လက်သည်းကခြောက်ပြီး ခဏခဏကျိုးပဲ့ပါမယ်။ ပျက်စီးလွယ်ပါမယ်။ ဒါကြောင့် လက်သည်းအားဖြည့်ဆီလိမ်းပေးဖို့ လိုပါတယ်။

UV-lamps

လက်သည်းနီဆိုးထားတာ အမြန်ခြောက်အောင် UV-lamps သုံးတာထက် LED-lamps သုံးတာက ပိုကောင်းပါတယ်။ UV-lamps က ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ Ultraviolet က အရေပြားနာကျင်စေပါတယ်။

ရေနွေးပူစိမ်ခြင်း

ရေနွေးပူနဲ့စိမ်တာက အသားမာတွေ၊ ခြေဖနောင့်ကွဲတာတွေအတွက် အရမ်းကောင်းတယ်၊ သွေးလည်ပတ်မှုကောင်းတယ်ဆိုပေမယ့် ကိုယ်သုံးတဲ့ရေနွေးက အရမ်းပူနေရင် အဆင်မပြေပါဘူး။ အသားခြောက်ပြီး အသားနီတာ၊ စပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးကို ကြက်သီးနွေး ကိုယ်ခံနိုင်တဲ့အပူချိန်ပဲ လုပ်ပေးပါ။ ပြီးရင် lotion, cream သေချာပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။

source:www.brightside.me