ရာသီလာချိန်မှာ မိန်းကလေးအများစုက mood swing ဖြစ်တာ သဘာဝပါပဲ။ စိတ်ဆတ်မယ်၊ အခုပဲပျော်နေပြီး ချက်ချင်း ဝမ်းနည်းလာတာမျိုး စတာတွေ ဖြစ်နေကျပါပဲ။ ဒါကြောင့် ရာသီလာချိန်မှာ mood swing ဖြစ်နေတာကို ပြေပျောက်သွားအောင်ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါ

ရာသီလာချိန်မှာ အိပ်ယာထဲပဲခွေခေါက်နေတာမျိုး မလုပ်ပါနဲ့။ စိတ်ရောလူပါနုန်းပြီး စိတ်မကြည်လင်တာမျိုး၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ယောဂလုပ်ပေးပါ။ လမ်းလျှောက်ပါ။ ရာသီလာရင်ချုပ်တာကိုတောင် သက်သာစေပြီး ရာသီသွေးဆင်းမှု ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် ရာသီလာချိန်မဟုတ်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်၊ ယောဂကျင့်ပေးရင် ရာသီလာခါနီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

ရေများများသောက်ပါ

ရာသီလာတဲ့အချိန်မှာ ပုံမှန်ထက်ပိုပြီး ရေများများသောက်ပေးပါ။ သွေးဆင်းမှု ပိုကောင်းစေသလို ကြွက်သားတွေလည်း relax ဖြစ်စေပါတယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေရင် mood swing ဖြစ်တာလည်း လျော့ကျစေပါတယ်။

ချောကလက်စားပါ

ချောကလက်စားပေးခြင်းက stress တွေပြေပျောက်စေပြီး စိတ်ပျော်ရွှင်စေတယ်၊ mood swing ဖြစ်နေတာတွေ ပြေပျောက်စေပါတယ်။ ဒါကြောင့် ရာသီလာတဲ့အချိန်မှာ ချောကလက်စားပေးတာ အကောင်းဆုံးပါပဲ။

တစ်ရေးတစ်မောအိပ်ပါ

နေ့လည်ဘက်တွေမှာ တစ်ရေးတစ်မောအိပ်ပေးမယ်ဆိုရင်တော့ အားရှိစေပြီး စိတ်ကိုကြည်လင်စေတယ်။ Mood swing ဖြစ်နေတာတွေလည်း ပြေပျောက်သွားစေပါတယ်။ ဒီလိုအချိန်မှာ အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။

ရယ်စရာလေးတွေကြည့်ပါ

ရာသီလာချိန်မှာ စိတ်မကြည်လင်တာ၊ စိတ်တိုတာ၊ စိတ်ဆက်တာတွေ ဖြစ်နေတတ်တဲ့အတွက် ရယ်စရာလေးတွေ များများကြည့်ပေးပါ။ စိတ်ကြည်လင်ပြီး စိတ်ပျော်စေပါတယ်။ ဒါကြောင့် mood swing နေတာလည်း ပျောက်သွားပါလိမ့်မယ်။