အလှပြင်ပစ္စည်းတွေကို Expired နီးပြီလား၊ Expired ဖြစ်နေပြီလားဆို သတိထားဖို့လိုပါတယ်။ တစ်ခါတစ်လေကျရင် Expired ကိုမေ့ပြီး သုံးနေမိတာတွေကြောင့် ကိုယ့်အသားအရေနဲ့ အလှအပကို ထိခိုက်စေပါတယ်။

ပစ္စည်းတွေမှာက Expired date ပါတာမျိုးရှိသလို၊ 6M, 12M စသဖြင့် ရေးထားတာတွေလည်း ရှိပါတယ်။ 6M, 12M ရေးထားတာကတော့ ဒီပစ္စည်းကို ဖွင့်ပြီး 6 လအတွင်း 12 လအတွင်း အသုံးပြုရမယ်လို့ ဆိုလိုတာပါ။

တချို့ပစ္စည်းတွေကျတော့ ဘာမှကိုမရေးထားတာမျိုး ရှိပါတယ်။ ဒီလိုမရေးထားတာတွေကျတော့ Expired ဖြစ်နေပြီလားဆိုတာ မသိတော့ပါဘူး။ 6M, 12M ရေးထားတာတွေကျတော့လည်း ကိုယ်က ဘယ်တုန်းကဖောက်သုံးလိုက်မှန်းမသိတော့ရင် Expired ဖြစ်နေပြီလားဆိုတာ မသိတော့ပါဘူး။

ဒါကြောင့် သင်သုံးနေတဲ့ Mascara က Expired ဖြစ်နေပြီဆိုတာ သိသာစေတဲ့အချက်ကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့လည်း သိနိုင်ပါတယ်။

အနံ့

Mascara တွေက Expired ဖြစ်နေပြီဆိုရင် အနံ့ပြောင်းသွားပါတယ်။ စစချင်းကိုယ်သုံးတုန်းက အနံ့နဲ့ မတူတော့ပဲ အနံ့ကဆိုးသွားပါတယ်။ ချဉ်စုတ်စုတ်အနံ့လိုလို၊ အနံ့နံသလိုမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် Expired Date မဖြစ်သေးပဲ နံနေတာမျိုး ရှိပါတယ်။ အဲ့တာကတော့ သင့်ရဲ့ထိန်းသိမ်းပုံမမှန်လို့ ဖြစ်သွားတာပါ။ အနံ့နံလာရင်တော့ မသုံးတော့ပဲ လွှင့်ပစ်လိုက်တာက ပိုကောင်းပါတယ်။

Color နဲ့ Texture

တချို့ Mascara တွေကျတော့ Expired ဖြစ်နေရင် Color ပြောင်းသွားတာမျိုးတွေ ရှိပါတယ်။ Texture ကျတော့ အရမ်းခြောကသွားပြီး သုံးလို့မကောင်းတော့တာ သိသာပါတယ်။ ဒီလိုတွေဖြစ်နေရင်လည်း ဆက်မသုံးပါနဲ့တော့။

မျက်လုံးနားတစ်ဝိုက်နီမြန်းယားယံလာခြင်း၊ စပ်လာခြင်း

Mascara က Expired ဖြစ်နေပြီဆိုရင် သုံးလိုက်တာနဲ့ မျက်တောင်အရင်းနားတွေ၊ မျက်ခမ်းစပ်နေရာတွေ၊ မျက်လုံးနားတစ်ဝိုက်တွေ ယားလာတာ၊ စပ်လာတာ၊ နီမြန်းပြီး Allergic ထသလိုတွေ ဖြစ်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလိုတွေဖြစ်လာရင် မျက်လုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် လုံးဝမသုံးပါနဲ့တော့။