မျက်တောင်တွေကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကို ပြောပြပေးလိုက်ပါတယ်။ သင့်မျက်တောင်တွေ တစ်ဖြေးဖြေးနဲ့ ကျွတ်လာတာမျိုး ခံစားမိနေပြီဆိုရင်တော့ ဒီအရာတွေကို လုပ်မိနေလားဆိုတာကို ပြန်စစ်ကြည့်သင့်ပါတယ်။

မျက်တောင်တုနဲ့မျက်တောင်ဆက်ခြင်း

မျက်တောင်တုတပ်ပြီး ကော်မကောင်းတာတွေသုံးမိရင်လည်း မျက်တောင်တွေကျွတ်ပါတယ်။ မျက်တောင်ဆက်တဲ့အခါမှာလည်း မျက်တောင်ကျွတ်တာမျိုးတွေ ဖြစ်လေ့ရှိတာကြောင့် သေချာဂရုစိုက်ပေးပါ။

မျက်လုံးကိုတအားပွတ်ခြင်း

မျက်လုံးကို တအားပွတ်တာ၊ ခဏခဏပွတ်တာတွေကြောင့်လည်း မျက်တောင်ကျွတ်စေပါတယ်။ ဒါကြောင့် မျက်လုံးကိုပွတ်တာမျိုး မလုပ်သင့်ပါဘူး။

ယားယံစေတဲ့ Eye Products တွေသုံးခြင်း

ကိုယ်သုံးတဲ့ eye products တွေက ယားယံစေတဲ့အရာတွေ ဖြစ်နေရင်၊ mascara က expired ဖြစ်နေတာတွေ သုံးမိရင်လည်း မျက်တောင်တွေကျွတ်စေပါတယ်။

မိတ်ကပ်တွေနဲ့အိပ်ခြင်း

မိတ်ကပ်တွေလိမ်းပြီး မဖျက်ပဲနဲ့ အိပ်မိရင် အသားအရေပျက်စီးပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ Mascara တွေ၊ eyeshadow တွေ၊ eyeliner တွေ သေချာမဖျက်ပဲထားရင်၊ မဖျက်ပဲအိပ်ရင်လည်း မျက်တောင်တွေ သိသိသာသာကို ကျွတ်စေပါတယ်။

Stress

Stress များရင် ဆံပင်ကျွတ်သလိုပဲ မျက်တောင်မွှေးကျွတ်တာမျိုးလည်း ရှိပါတယ်။ အပေါ်ကအချက်တွေလည်း တစ်ခုမှမလုပ်မိပဲ မျက်တောင်ကျွတ်လာတာဆိုရင်တော့ stress တွေများနေလို့လားဆိုတာ ပြန်စစ်ကြည့်ပါ။