ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေကြောင့်ပဲ ဝိတ်တက်လာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်မိနေတာတွေရှိရင်လည်း ဆင်ခြင်လို့ရဖို့အတွက် ဝိတ်တက်လာအောင် လူအများစုလုပ်မိတတ်ကြတဲ့ အလေ့အကျင့် ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

လှုပ်ရှားမှုမရှိခြင်း

တစ်ချိန်လုံးလှဲနေတာ၊ ထိုင်နေတာမျိုးဆိုရင် လှုပ်ရှားမှုနည်းတဲ့အတွက်၊ လှုပ်ရှားမှုမရှိရင် ဝိတ်ပိုတက်ပြီး ဝလာမှာပါ။ ဗိုက်နဲ့ခါးမှာ အဆီတွေပိုစုလာပြီး ဗိုက်ခေါက်ထွက်တာ၊ ခါးအဆီတက်တာတွေ ဖြစ်လာပါလိမ့်မယ်။

TV ကြည့်ရင်း၊ ဖုန်းသုံးရင်းမုန့်စားခြင်း

TV ကြည့်ရင်း၊ ဖုန်းသုံးရင်းနဲ့ မုန့်ထိုင်စားတာက သင့်ကို ဝိတ်ပိုတက်ပြီး ဝလာစေပါတယ်။ ကိုယ်ကြည့်နေတဲ့အရာထဲမှာ အာရုံရောက်ပြီး မျောနေတဲ့အတွက် ကိုယ်ဘယ်လောက်စားလိုက်မိလဲဆိုတာကို သတိမထားမိတော့ အစာပိုဝင်မယ်၊ ပိုစားမိပါလိမ့်မယ်။

အိပ်ချိန်နည်းခြင်း

အိပ်ချိန်မမှန်တာတွေ၊ အိပ်ရေးမဝတာတွေ၊ အိပ်ချိန်နည်းတာတွေကြောင့် ပိုပိန်လာတာမျိုးလည်း ရှိသလို၊ ပိုပြီးဝိတ်တက်လာတာမျိုးတွေလည်း ရှိပါတယ်။ ညဘက်အိပ်ရေးပျက်လို့ နေ့ခင်းဘက်တွေမှာပြန်အိပ်တာနဲ့ ညဘက်ပုံမှန်အိပ်တာက လုံးဝမတူပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ လူတစ်ယောက်ရဲ့အိပ်ချိန်က တစ်နေ့ကို ၈ နာရီရှိသင့်ပါတယ်။

စားသောက်ပုံမမှန်ခြင်း

အစားအသောက်မမှန်တာတွေ၊ အသင့်စား အစားအသောက်တွေကို ပြီးစလွယ်စားတာတွေ၊ အဆီအဆိမ့်တွေပဲ စားနေတာတွေကြောင့် ဝိတ်သိသိသာသာ တက်လာစေပါတယ်။ တစ်နေ့ကို ရေသုံးလီတာ အနည်းဆုံးသောက်ပေးပါ။ ရေသောက်နည်းရင်လည်း ဝိတ်ကျဖို့မလွယ်ပါဘူး။ ရေသောက်များရင် ကိုယ်ရည်စစ်ပြီး ဝိတ်လည်းကျစေပါတယ်။

Workout လုပ်ဖို့ပျင်းနေခြင်း

ကိုယ်က ပိန်နေတဲ့သူမဟုတ်ဘူးဆိုရင် ပုံမှန်လေး workout လုပ်ပေးပါ။ အစားလည်းမလျှော့၊ workout လည်းမလုပ်ဆိုရင်တော့ ဝိတ်ပိုတက်ပြီး ဝလာမှာပါပဲ။ သိသိသာသာဝိတ်ကျချင်ရင် အစားပဲလျှော့လို့မရပါဘူး။ Workout ပါတွဲလုပ်ပေးမှရမှာပါ။