သွားတွေဝါညစ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ပုံမှန်ထက်ပိုပြီး သွားတွေဖြူလာစေဖို့ ကူညီပေးမယ့် ထိရောက်သော နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Baking soda

Baking soda နဲ့ ရေနဲ့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး သွားပွတ်တံနဲ့ယူကာ မိနစ်ပိုင်းလောက် သွားတိုက်ပေးရုံပါပဲ။ ပုံမှန်တိုက်ပေးရင် သွားကျောက်တွေပြောင်ပြီး polish တင်လိုက်သလို သွားကချောပြီး ပြောင်ပြီး ဖြူလာပါတယ်။ အမြဲတမ်းတော့ တိုက်လို့မဖြစ်ပါဘူး။ ကိုယ်လိုချင်တဲ့အနေအထားလောက်ရောက်ရင် ပုံမှန်အတိုင်းပဲ ပြန် care ပေးပါ။

အုန်းဆီ

အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းကိုယူပြီး သွားမှာပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက် သေချာနှံ့အောင် ပွတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက သွားတွေဖြူလာစေဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ခံတွင်းအနံ့လည်း ကောင်းစေပါတယ်။

Activated charcoal

သန့်စင်ပြီးသားဖြစ်တဲ့ မီးသွေး activated charcoal နဲ့ တိုက်ပေးခြင်းကလည်း သွားဝါညစ်နေတာတွေ သက်သာပြီး ဖြူလာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

Darlie All Shiny White Supreme Enzyme Toothpaste

အပေါ်မှာပြောခဲ့တဲ့ သဘာဝနည်းလမ်းတွေကို မလုပ်ချင်ဘူး၊ လုပ်ရမှာပျင်းတယ်ဆိုရင်တော့ Darlie All Shiny White Supreme Enzyme Toothpaste သွားတိုက်ဆေးကိုသာ ဝယ်တိုက်ပါ။ ၁၄ ရက်လောက်ဆိုရင် result ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သွားတွေဖြူလာစေဖို့ အများကြီးအထောက်အကူပြုပါတယ်။

ဒီနည်းလမ်း ၄ မျိုးထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို သေချာအချိန်ယူပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သွားတွေက ဖြေးဖြေးချင်းစီပြောင်းလဲပြီး ဖြူလာမှာပါ။