ကိုယ့်မှာ Stress တွေ အရမ်းများနေတယ်ဆိုတာက ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိသာစေပါတယ်။
အားအင်လျော့နည်းလာပြီးအိပ်မပျော်ခြင်း
Stress တွေအရမ်းများလာပြီး စိတ်ရောလူပါ ပင်ပန်းလာတဲ့အခါမှာတော့ အားအင်တွေလျော့နည်းလာပြီး လူကလုံးဝအားမရှိတာမျိုး၊ ညဘက်တွေဆိုလည်း အိပ်မပျော်၊ နေ့ခင်းဘက်တွေ အိပ်ကြည့်မယ်ဆိုလည်း အိပ်မပျော်တာမျိုးတွေ ဖြစ်လာပါတယ်။
Depression ဝင်ခြင်း
Stress တွေ အရမ်းပိလာတာနဲ့ နောက်ဆက်တွဲက depression ဝင်လာတာပါပဲ။ အလိုလိုနေရင်း စိတ်ဓာတ်တွေကျလာမယ်၊ အတွေးတွေများပြီး ကိုယ့်ကိုယ်ကိုယ်အားငယ်လာမယ်၊ ဝမ်းနည်းလာပါမယ်။
ဝက်ခြံတွေထွက်လာခြင်း
Stress တွေအရမ်းများရင် ဟော်မုန်းအပြောင်းအလဲကြောင့်၊ အိပ်ရေးပျက်တာတွေကြောင့် ဝက်ခြံတွေ အများကြီးပြုံထွက်လာတတ်ပါတယ်။
ခဏခဏခေါင်းကိုက်ခြင်း
စိတ်ဖိစီးမှုတွေ stress တွေ အရမ်းများလာရင် အာရုံတွေနောက်၊ စိတ်တိုဒေါသထွက်၊ စိတ်မရှည်ပဲ ခဏခဏခေါင်းကိုက်လာပါတယ်။
အစာစားချင်စိတ်မရှိခြင်း
စိတ်ညစ်နေရင်တောင် အစာစားချင်စိတ်မရှိတာ၊ stress တွေသာ အရမ်းများနေမယ်ဆိုရင် ပိုဆိုးပါတယ်။ ဗိုက်ဆာနေရင်တောင် စားချင်စိတ်မရှိပါဘူး။
ခဏခဏနေမကောင်းဖြစ်ခြင်း
Stress အရမ်းများလာတော့ လူရောစိတ်ပါပင်ပန်းပြီး ဒဏ်မခံနိုင်တဲ့အခါမှာ နေမကောင်းတွေ ခဏခဏဖြစ်လာပါတယ်။ အဓိကကတော့ အအိပ်၊အစားမမှန်တော့ အားနည်းပြီး ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်လာတာပါပဲ။
ဝိတ်အတက်အကျမြန်ခြင်း
လူတစ်ယောက်က stress တွေ အရမ်းများလာရင် အရမ်းပိန်သွားတာမျိုး၊ အရမ်းဝလာတာမျိုးတွေ ဖြစ်လာတာ မြန်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူပါဘူး။
နှလုံးခုန်မြန်ခြင်း
စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါမှာ နှလုံးခုန်တွေ မြန်လာပါတယ်။ အစာမစားရင်ပိုဆိုးပါတယ်။ အလိုလိုနေရင်း ရင်တုန်နေတာမျိုးဖြစ်ပါတယ်။