အားလုံးပဲ မင်္ဂလာပါနော်။ ဆံပင်ဆိုတာ ပျိုမေတို့ရဲ့ ဒုတိယမျက်နှာဖြစ်တာမို့ ကိုယ်နဲ့လိုက်တဲ့ Hairstyle လေးတွေ ပြင်ဆင်ပေးတာက သင့်မျက်နှာပုံစံလေးပြောင်းပြီး ပိုကြည့်ကောင်းစေပါတယ်။ သပ်ရပ်ကြော့ရှင်းတဲ့ Hairstyle လေးတွေက Selfie ဆွဲတဲ့အချိန်မှာလည်း ထွေထွေထူးထူး Pose ပေးစရာမလိုဘဲ ပြည့်စုံနေစေမှာပါ။

ဒီတစ်ခေါက်မှာ Selfie လှလှလေးတွေရိုက်ရတာကြိုက်တဲ့ ပျိုမေတို့အတွက် ဓာတ်ပုံတိုင်းမှာ လှနေစေဖို့ ကူညီပေးမယ့် ဓာတ်ပုံစားတဲ့ ဆံပင်စတိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြင်ဆင်ရလွယ်တဲ့ Hairstyle လေးတွေ ဖြစ်တာမို့ ပျိုမေတိုင်းအတွက် အဆင်ပြေမှာပါ။

Ponytail တစ်ဝက်စည်း


အမြင့်တစ်ဝက်စည်း ဆံပင်စတိုင်လေးက စည်းရလွယ်သလို မျက်နှာကျ ပိုသွယ်ပုံပေါက်စေပါတယ်။ ဒီလို Hairstyle လေးပေါ်ဖို့ အဝေးကို ငေးနေသလို မျက်နှာလေးစောင်းပြီး ရိုက်ကြည့်ပါ။

လှိုင်းပြေပြေလေးတွေ


ဆံပင်အလိပ်ကောက်ကြီးတဲ့ ပုံစံထက် သဘာဝဆန်ဆန် လှိုင်းပြေပြေ အကောက်လေးတွေက အမြင်အေးပြီး ဓာတ်ပုံထဲမှာ အရမ်းကြည့်ကောင်းစေမှာပါ။

မျက်နှာဘေး ကျစ်ဆံမြီးသေးသေးလေး


ဘေးဆံပင်ကို ဒီတိုင်းချထားတာထက်စာရင် ပုံထဲကလို မျက်နှာဘေးနှစ်ဖက် ကျစ်ဆံမြီးသေးသေးလေးတွေ လုပ်ပေးတာက သင့်မျက်နှာကို ရှင်းရှင်းလေးမြင်ရသလို ဓာတ်ပုံထဲမှာ ပိုပြီး ချစ်စရာကောင်းနေစေမှာပါ။

ဆံပင်အဖြောင့်


သပ်သပ်ရပ်ရပ် ဖြီးကပ်ထားတဲ့ ဆံပင်အဖြောင့်အရှည်ကလည်း သင့်ကိုပုံတိုင်းမှာ မိန်းမဆန်ပြီး ကျက်သရေရှိတဲ့ ပုံစံလေးရစေမှာပါ။

လှိုင်းတွန့်အကောက်


ဆံပင်အတိုရှိသူလေးတွေအနေနဲ့ ဓာတ်ပုံထဲမှာ မျက်နှာကြီးနေသလိုမမြင်ရအောင် ဒီလို လှိုင်းတွန့်အကောက်လေးတွေပြင်ဆင်ကြည့်ပါ။ Celebrity တော်တော်များများ ပြင်လေ့ရှိတဲ့ ပုံစံဖြစ်ပြီး သင့်ကို ဓာတ်ပုံတိုင်းမှာ ပြင်ပြင်ဆင်ဆင်လေးနဲ့ ကြည့်ကောင်းစေမှာပါ။

မျက်နှာရှေ့ဝဲကျနေတဲ့ အထပ်ကေ


ဆွဲဆောင်မှုတိုးစေမယ့် Hairstyle မျိုးဖြစ်ပြီး ထွေထွေထူးထူးပြင်စရာမလိုဘဲ မျက်နှာကျ သွယ်သွယ်လေး မြင်ရစေမှာပါ။ မျက်နှာတစ်ဝက်လောက်ကို ဖုံးပေးထားတာမို့ မိတ်ကပ်မပါလည်း မသိသာဘဲ ကြည့်ကောင်းစေပါလိမ့်မယ်။

Bang လေးတွေနဲ့ ဆံပင်


ရှေ့ဆံမြိတ်လေးတွေက သင့်မျက်နှာကိုပိုငယ်ပုံပေါက်ပြီး ချစ်စရာကောင်းစေတာမို့ ဆံမြိတ်လေးချပြီး ဓာတ်ပုံရိုက်ဖို့လည်း မမေ့ပါနဲ့နော်။

Photo Source: Pinterest, preview.ph