ကျွန်တော်တို့အတော်များများမှာ အကျင့်ဆိုးတစ်ခုမဟုတ် တစ်ခု ရှိတတ်ကြပါတယ်။ မကောင်းတဲ့ အလေ့အကျင့်တွေကို သိသိကြီးနဲ့ မစွန့်လွှတ်နိုင်တာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခွင့် ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီတော့ ဖြတ်ရခက်တဲ့ မကောင်းတဲ့ အကျင့်ဆိုးလေးတွေကို ဖျောက်ပစ်ဖို့ ဒီနည်းလမ်းလေးတွေက ကူညီပေးနိုင်မှာပါ။

(၁) သင့်အကျင့်ဆိုးကို ရှင်းရှင်းပြတ်ပြတ် သိအောင် လုပ်ပါ

tudent doing homework on floor and using a laptop while eating cereals with vegetable juice

Photo: Freepik

ဒီနေရာမှာ ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ငဲ့လွန်းပြီး ခပ်ဖော့ဖော့အတွေးနဲ့ အကျင့်ဆိုးတွေကို မွေးထားတာမျိုး မဖြစ်အောင် လုပ်ဖို့ပါ။ အရင်ဆုံး ကိုယ့်အကျင့်ဆိုးက ဘာလဲဆိုတာ နှိုက်နှိုက်ချွတ်ချွတ် သေချာလေ့လာရမှာပါ။ စာနဲ့ပါ ချရေးရင် ပိုကောင်းပါတယ်။ အလုပ်မှာ ၊ အိမ်မှာ နောက်ဆုံး ကိုယ်အားစိတ်အား ဖြစ်ချိန်မှာ ကိုယ်လုပ်နေတတ်တဲ့ အကျင့်လေးတွေကို အချိန်ပေးပြီး သိအောင် လုပ်ထားပါ။

(၂) အကျင့်ကောင်းလေးတွေနဲ့ အစားထိုးပါ

Beautiful young woman waking up and stretching in her bed in the morning

Photo: Freepik

အကျင့်ဆိုးတွေကို ဖျက်ဆီးဖို့ လုပ်နေချိန်မှာ အရေးကြီးတာတစ်ခုက ကောင်းတဲ့ အကျင့်လေးတွေနဲ့လည်း အစားထိုးသွားဖို့ ဖြစ်ပါတယ်။ ဥပမာ- မနက်အိပ်ရာထ နောက်ကျတတ်ရင် ညဘက်စောစော အိပ်ရာဝင်တဲ့အကျင့်သစ်လေး လုပ်ကြည့်တာမျိုးပါ။ ကောင်းတဲ့အကျင့်တွေနဲ့ ပြုပြင်သွားရင်းနဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေကို ဖြည်းဖြည်းချင်း တိုက်ထုတ်တဲ့ နည်းဖြစ်ပါတယ်။

(၃) အကျင့်ဆိုးတွေ ပြင်ဖို့ အစီအစဉ်ဆွဲပါ

woman planning her day, keeps a grey cup with some liquid

Photo: Freepik

ဒီအဆင့်မှာ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို စပြီး ပြုပြင်သွားရတော့မှာပါ။ နောက်လာမယ့် ၃ ပတ်စာအတွက် ဒီနေ့ပဲ အကျင့်ဆိုးတွေကို ဘယ်လို ပြုပြင်မယ် ၊ ဘယ်လိုမျိုး ဖျောက်ပစ်မယ်ဆိုတာကို အစီအစဉ်ဆွဲတာ ဖြစ်ပါတယ်။ Action Steps အဖြစ် အတိအကျ သတ်မှတ်ပြီး အဲ့ဒီအတိုင်း မလွဲမသွေ လိုက်နာဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေဖို့ လိုသလို ကိုယ့်အဓိဌာန်အတိုင်း မဖြစ်မနေ ဆောင်ရွက်သင့်ပါတယ်။

(၄) ပတ်ဝန်းကျင်ပြောင်းပါ

international students preparing for exams in university auditorium and using computers

Photo: Freepik

ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အကျင့်ဆိုးကို ပိုဆိုးစေတယ်ဆိုရင် ပတ်ဝန်းကျင်ပြောင်းဖို့ လိုပါတယ်။ ဆေးလိပ်ဖြတ်ချင်သူဟာ ဆေးလိပ်သောက်တဲ့သူတွေအကြားမှာ ဆက်နေရင် ကိုယ်လည်း ဆေးလိပ်ဖြတ်ဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါ့ကြောင့် ကိုယ်ကိုယ်တိုင် အကျင့်ဆိုးတွေ ဖျောက်ဖျက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်ကို Support ပေးမယ့် ပတ်ဝန်းကျင်သစ်မှာ နေထိုင်တာ ပိုသင့်လျော်ပါတယ်။