ခြေဆီအထွက်များပြီး ခြေထောက်နံတာမျိုး၊ ခြေထောက်က ချွေးအရမ်းထွက်ပြီး ခြေထောက်အနံ့ဆိုးထွက်တာမျိုး ဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ခြေထောက်အနံ့ဆိုးထွက်တာကို ထိန်းပေးမယ့် အကောင်းဆုံး Foot Powder တွေကို မျှဝေပေးလိုက်ပါတယ်။

Foot Sense All Natural Smelly Foot & Shoe Powder

လူကြီးတွေအပြင် ကလေးပါသုံးလို့ရတဲ့ Powder ဖြစ်ပါတယ်။ တစ်ကြိမ်လိမ်းလိုက်ရုံနဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး တစ်နေကုန်နေရတာ Comfort ဖြစ်စေပါတယ်။ ချွေးနဲ့အဆီဖြစ်တဲ့ အစိုဓာတ်ကို စုပ်ယူနိုင်ပြီး ခြေထောက် ချွေးအရမ်းထွက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။

GRAN’S REMEDY Foot Odour Powder

ခြေထောက်အဆီတွေ၊ ချွေးတွေကို စုပ်ယူပေးပြီး ခြောက်ထောက် သန့်ရှင်းခြောက်သွေ့ပြီး နေလို့ကောင်းစေပါတယ်။ ချွေးတွေနဲ့ဆိုရင် ခြေထောက်ကချော်ပြီး သွားလာရတာ အဆင်မပြေတာမျိုး လုံးဝမဖြစ်စေပါဘူး။
အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအတွက် ဤခြေထောက်အနံ့ဆိုးကို သဘာဝအတိုင်း ချွေးနှင့် အစိုဓာတ်ကို စုပ်ယူရန်၊ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးပြီး သင်တက်ကြွနေချိန်တွင် သင့်ခြေထောက်များကို သန့်ရှင်းခြောက်သွေ့စေပါသည်။

Dr. Foot Ultra Sweat Absorbing Foot Powder

ခြေဆီထွက်ခြင်း၊ ချွေးထွက်ခြင်းတွေကို စုပ်ယူပေးပြီး ခြေထောက်အနံ့ဆိုးမထွက်အောင် ထိန်းပေးပါတယ်။ အသားအရေအတွက်လည်း ကောင်းတာကြောင့် သုံးရတာ အရမ်းအဆင်ပြေမှာပါ။

Fredora Foot Natural Neutralizer Powder for Foot Odour

ဒီ Powder ကျတော့ အနံ့အသက်ဆိုးတွေကို သက်သာစေတဲ့အပြင် ချွေးနဲ့အဆီတွေကိုလည်း စုပ်ယူပေးတယ်၊ အရေပြားယားယံတာမျိုးတွေကိုလည်း သက်သာစေပါတယ်။

Magic Shoe Deodorizer Powder

ခြေထောက်က ချွေးနံ့အရမ်းပြင်းတာတွေကိုပါ သက်သာစေပါတယ်။ ဒါ့အပြင် ခြေထောက်လိမ်းရုံတင်မဟုတ်ပဲ Boots တွေထဲ ထည့်ထားတာမျိုး လုပ်ပေးရင်လည်း အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတာကြောင့် အနံ့ပျောက်စေပါတယ်။