Tea Bag အထုပ်လေးတွေ အိမ်မှာရှိရင် အလှအပနဲ့ တခြားကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေအတွက်လည်း အသုံးဝင်ပါတယ်။ ဒါဆိုရင် ဘယ်နေရာတွေမှာ အသုံးဝင်လဲဆိုတာနဲ့ ဘယ်လိုသုံးရမလဲဆိုတာကို ကြည့်လိုက်ရအောင်…။

မျက်အိတ်ဖောင်းတာအတွက်

Tea Bag အထုပ်လေးတွေကို ရေခဲသေတ္တာထဲ မိနစ်အနည်းငယ် ထည့်ထားပါ။ ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး မျက်လုံးပေါ်မှာ တင်ထားပေးပါ။ ၅ မိနစ်လောက်တင်ထားပြီးရင် ဖယ်လိုက်လို့ရပါပြီ။ ဒီလိုလုပ်ပေးခြင်းက မျက်အိတ်ဖောင်းတာကို သိသိသာသာ သက်သာစေပါတယ်။

အသေးစားထိခိုက်ဒဏ်ရာများအတွက်

အသေးစား ထိခိုက်ဒဏ်ရာရတာတွေအတွက်လည်း Tea Bag ကို သုံးလို့ရပါတယ်။ Tea Bag ကိုဖွင့်ပြီး ရေနွေးခွက်ထဲထည့်စိမ်ပါ။ ပြီးရင် အေးသွားပြီဆိုမှ ဒဏ်ရာပေါ်ကို မိနစ်အနည်းငယ် တင်ထားပေးပါ။ ဒဏ်ရာသက်သာသွားပါလိမ့်မယ်။

ပိုးကောင်းကိုက်တာအတွက်

ပိုကောင်လေးတွေကိုက်ပြီး ဖုထတာ၊ ယားယံတာတွေဖြစ်ရင်လည်း Tea Bag ကို သုံးလို့ရပါတယ်။ လုပ်ရမယ့် နည်းလမ်းကတော့ ရေစိမ်ပြီး Tea Bag ကိုယူကာ ဒဏ်ရာပေါ် ၁၅ မိနစ်လောက် အုပ်ထားလိုက်ရုံပါပဲ။

ဆားဝက်ခြံသက်သာဖို့အတွက်

Tea Bag အထုပ်ကိုဖွင့်ပြီး ပန်းကန်လုံးလေးထဲထည့်ပါ။ Green Tea အမှုန့်ကိုလည်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ရေနည်းနည်းနဲ့ ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့ နေရာတစ်ဝိုက်ကို ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ၃ မိနစ်လောက်ပွတ်ပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်တော့ Moisturizer ပြန်လိမ်းထားပေးပါ။ ဆားဝက်ခြံတွေ သက်သာစေပါတယ်။

အဝတ်အစားစွန်းထင်းတာအတွက်

အဝတ်အစားတွေ စွန်းထင်းနေရင် Tea Bag ကို ရေနွေးခွက်ထဲ ထည့်စိမ်ပြီး အုပ်ထားပါ။ ၁ နာရီထားပြီးမှ အဲ့ဒီရေထဲကို အဝတ်ထည့်စိမ်ထားပါ။ ခဏစိမ်ထားပြီးရင် ပုံမှန်အတိုင်း ပြန်လျှော်လိုက်ရုံပါပဲ။ စွန်းထင်းနေတာတွေ ပျောက်စေပါတယ်။ အဝတ်စိမ်မှာဆိုတော့ Tea Bag က တစ်ထုပ်ထဲတော့မရပါဘူး။ ၃ ထုပ်လောက်ကို ရေနွေးများများနဲ့ စိမ်ထားမှရမှာပါ။