လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်တာကို ချွေးပုပ်တွေထွက်သွားစေတယ်လို့ ပြောလေ့ရှိကြပါတယ်။ ချွေးပုပ်ထွက်ရင် ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းပြီး အသားအရေလည်း ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် ဒီလို လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်လာခြင်းကြောင့် ရရှိလာမယ့် နောက်ထပ်ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေပြေစေတယ်

လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေထွက်လာခြင်းက ကိုယ်တွင်းအဆိပ်အတောက်တွေ ပြေပျောက်စေလို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။

ကျောက်ကပ်ပိုကောင်းစေတယ်

လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေထွက်လာခြင်းက ရေထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပြီး ကျောက်ကပ်လုပ်ဆောင်မှု ပိုကောင်းလာစေပါတယ်။ ဒါကြောင့် ချွေးထွက်အောင်တောင် လှုပ်လှုပ်ရှားရှားအားကစားတွေ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။

အသားအရေပိုလှလာစေတယ်

လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်လာတာက ချွေးပုပ်တွေပါထွက်လာတာဖြစ်လို့ အသားအရေညစ်နွမ်းနေတာ သက်သာလာပြီး အသားအရေစိုပြည်လာစေတယ်၊ အသားကြည်ပြီး အသားအရေပိုလှလာစေပါတယ်။ ကိုယ်တွင်းအပူအပုပ်တွေလည်း သန့်စင်ပြီးသားဖြစ်ပါတယ်။

ပေါ့ပါးလန်းဆန်းစေတယ်

လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေအများကြီးထွက်သွားရင် ခန္ဓာကိုယ်က အရမ်းကို ပေါ့ပါးလန်းဆန်းပြီး ကိုယ်ရောစိတ်ပါ နေလို့ကောင်းသွားစေပါတယ်။ mood ပိုကောင်းလာတဲ့အတွက် စိတ်ကြည်ပြီး ပို active ဖြစ်လာပါတယ်။ ခေါင်းနောက်တာ၊ စိတ်ဖိစီးနေတာ၊ stress ပိနေတာတွေပါ ပျောက်သွားစေပါတယ်။ တချို့ဆို အရမ်း stress တွေများပြီး စိတ်ညစ်နေရင် စိတ်ထွက်ပေါက်အနေနဲ့ ပြေးတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုပြေးတာကလည်း ချွေးတွေအရမ်းထွက်တဲ့အတွက် စိတ်ပေါ့ပါးသွားစေပါတယ်။

ချွေးတွေအများကြီးထွက်ပြီးရင် ရေဓာတ်ပြန်ဖြည့်ပေးဖို့တော့ လိုပါတယ်။ ဒီလိုအချိန်မှာ ရေခဲရေမသောက်ပဲ ရိုးရိုးရေကို များများသောက်ပေးပါ။ ဓာတ်ဆားရည်ပါသောက်ပေးရင် ပိုကောင်းပါတယ်။