စိတ်ရောကိုယ်ပါနေလို့ကောင်းပြီး ပေါ့ပါးလန်းဆန်းနေစေဖို့၊ လှပစေဖို့၊ သင့်စိတ်နဲခန္ဓာကိုယ်အတွက်  နွေရာသီမှာပြောင်းလဲသင့်တဲ့ lifestyle တွေကို မျှဝေပေးလိုက်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ

နွေရာသီမှာ ချွေးအရမ်းထွက်တဲ့အတွက်၊ နေအရမ်းပြင်းတဲ့အတွက် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

Exercise လုပ်ပေးပါ

ရာသီဥတုအရမ်းပူတော့ ထိုင်းမှိုင်းတာ၊ နုံးပြီး စိတ်မကြည်တာတွေ ခဏခဏဖြစ်လေ့ရှိတဲ့အတွက် စိတ်ရာကိုယ်ပါ ပေါ့ပါးလန်းဆန်းစေဖို့ active ဖြစ်စေဖို့ ကိုယ့်ရဲ့တစ်နေ့တာ lifestyle ထဲမှာ exercise လုပ်တာကို ထည့်ပေးပါ။

ပေါ့ပါးမှုရှိမယ့်အဝတ်အစားတွေဝတ်ပါ

နွေရာသီမှာ အဝတ်အစားရွေးချယ်မယ်ဆိုရင် ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်တာမျိုးကိုသာ ရွေးဝတ်ပါ။

Sunscreen လိမ်းဖို့လုံးဝမမေ့ပါနဲ့

အသားအရေ ထိခိုက်ပျက်စီးမှုမရှိစေဖို့ နွေရာသီမှာ အထူးဂရုစိုက်ရပါမယ်။ အဓိကကတော့ sunscreen လိမ်းပေးဖို့ပါပဲ။ Face & body အတွက် လိမ်းဖို့လိုပါတယ်။

ဆံပင်ကိုအကာအကွယ်လုပ်ဖို့မမေ့ပါနဲ့

နေပူထဲသွားရင် ဦးထုပ်၊ ထီးမပါပဲ မသွားပါနဲ့။ ဆံသားခြောက်ပြီး အရောင်ပျက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဆံသားပျက်စီးစေပါတယ်။

မျက်မှန်ဆောင်ထားပါ

နွေရာသီမှာ နေအရမ်းပြင်းတဲ့အတွက် အပြင်သွားရင် နေကာမျက်မှန်တပ်တာက မျက်လုံးနာတာ၊ မျက်လုံးစပ်တာနဲ့ မျက်ကွင်းညိုတာမျိုးတွေ မဖြစ်စေပဲ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

နွေရာသီမှာ ရာသီဥတုအရမ်းပူတဲ့အတွက် ချွေးပိုထွက်စေလို့ အားပိုယုတ်စေပါတယ်။ ဒီလိုအချိန်မှာ အိပ်ရေးမဝရင် ပိုအားယုတ်ပြီး ခေါင်းမူးတာ၊ စိတ်မကြည်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပေးပါ။

Exfoliate လုပ်ပေးဖို့မမေ့ပါနဲ့

ချွေးအရမ်းထွက်ရင် ချွေးနဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ရောပြီး အသားအရေညစ်စေပါတယ်။ ဒါကြောင့် face & body ကို exfoliating ပုံမှန်လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

ရေချိုးမပျင်းပါနဲ့

ကျန်တဲ့အချိန်မှာ ရေချိုးပျင်းရင်တောင်မှ နွေရာသီမှာတော့ မပျင်းပါနဲ့။ တစ်နေ့ ၂ ကြိမ်ချိုးရင်တော့ အကောင်းဆုံးပါပဲ။ ချွေးအရမ်းထွက်တဲ့အတွက် ရေမချိုးရင် ကိုယ်နံ့ဆိုးထွက်စေပါတယ်။ နေရာလည်း နုံးစေပါတယ်။