တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ သူတို့ရဲ့ ခါးနောက်ကျောကို ဂရုစိုက်ပေးသင့်ပါတယ်။ အကြောတွေတင်းမာနေရင် နေရထိုင်ရတာ အဆင်မပြေတဲ့အပြင် ခါးနာရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ခဏတာ အနားယူပြီး အကြောလျှော့လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးသင့်တာပါ။ ဒီတစ်ခေါက်မှာတော့ ကျောရိုးအတွက်ကောင်းပြီး လုပ်ရလွယ်ကူတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Cow-Face Pose

  • ပထမဆုံးကြမ်းပြင်ပေါ်ထိုင်ချလိုက်ပါ။ ပြီးရင် အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်ပါ။ ဘယ်ဘက် ဒူးကို ရှေ့သို့ထုတ်ကာ ခြေထောက်ကို ညာဘက်တင်ပါးအောက်မှာထားလိုက်ပါ။
  • ပြီးတာနဲ့ ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်အပေါ်တင်လိုက်ပါ။
    ကျောရိုးကို တက်နိုင်သမျှဆွဲဆန့်လိုက်ပါ။

(၂) Child Stretch

  • ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် ဒူးထောက်လိုက်ပါ။ ပြီးရင် လက်ကို အပေါ်သို့ ဆန့်ထုတ်လိုက်ပြီး တရုတ်လူမျိုးတို့ အရိုအသေပေးကန်တော့သလိုမျိုး အနေအထားအတိုင်းနေပေးပါ။
  • ခါးကို ဆန့်နိုင်သလောက် ဆန့်ထုတ်ပေးပါ။ ဒီပုံစံအတိုင်း စက္ကန့် (၂၀) သို့ (၃၀) ခန့်နေပေးပါ။ ပြီးရင် မူလပုံစံအတိုင်း ပြန်နေပေးပါ။

(၃) Chest To Knees Stretch

  • ကြမ်းပြင်ပေါ် ပက်လက် လဲှချလိုက်ပါ။ လက်နှစ်ဖက်ကို ဒူးအောက်နားကနေကိုင်ပြီး ရင်ဘက်ပေါ် ရောက်သည့်အထိ ဖြည်းညင်းစွာ ဆွဲယူလိုက်ပါ။
  • တင်ပါးကို ကြမ်းပြင်နဲ့ အနည်းငယ်လွှတ်ကင်းသည့်အထိ မတင်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်ကျောကို နှိပ်ပေးသလိုဖြစ်စေပါတယ်။ ဒီပုံစံအတိုင်း (၂၀) စက္ကန့်ခန့်နေပေးပါ။

(၄) Lower Back Rotational Stretch

  • ဒူးနှစ်ဖက်လုံးကို ကွေးထားပြီး ကြမ်းပြင်ပေါ်လှဲချလိုက်ပါ။
  • ပုခုံးကို ကြမ်းပြင်နဲ့ ထိကပ်ထားပေးပါ။ ကွေးထားတဲ့ ဒူးနှစ်ဖက်စလုံးကို ဘယ်ဘက်သို့ ဖြည်းညင်းစွာ လှဲချလိုက်ပါ။ ဒီပုံစုံအတိုင်း (၅) စက္ကန့်ခန့်နေပေးပါ။
  • ပြီးရင် ဒူးနှစ်ဖက်စလုံးကို ဆန့်ကျင်ဖက်သို့ လှဲချလိုက်ပါ။ (၅) စက္ကန့်နေပေးပါ။ မူလပုံစံပြန်နေပါ။

Source: Bright Side