စိတ်ဖိစီး မှုတွေများလို့ ညဘက်တွေကောင်းကောင်းအိပ်မပျော်ဘူး။ ၂၁ရာစုမှာလူငယ်တွေကနေ့ခင်းမှအိပ်ကြပြီး ညဘက်မှာအလုပ်တွေရှုပ်နေတတ်ကြပါတယ်။ သက်ငယ်ပိုင်းမှာ အိပ်ရေးပျက်ခြင်းကြောင်းဆိုးကျိုးအများကြီးမရှိ မသိသာပေမဲ့ အသက်ကြီးလာရင်တော့ High Blood Pressure ( Hypertension ) , Alzheimer’s Disease စတဲ့ရောဂါတွေကို ဖြစ်စေဖို့တွန်းအားဖြစ်စေပါတယ်။အိပ်ရေးပျက်တာ အိပ်ချိန်မမှန်ခြင်းက Thinking System ကိုလည်းဆိုးရွားစွာထိခိုက်နိုင်ပါသေးတယ်။

လူတစ်ယောက်က ညဘက် ၁၂နာရီမှ ၂ နာရီအထိက နှစ်ခြိုက်စွာအိပ်ပျော်သင့်တဲ့ အချိန်တွေဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ မအိပ်ပဲနဲ့ Game ဆော့နေတာတို့၊ ဖုန်းသုံးနေတာမျိုးဆိုရင် တစ်ရက်နှစ်ရက်ဆို မသိသာပေမယ့် ကြာလာရင်တော့ ဦးနှောက်ထဲမှာ Cortisolတွေများလာတဲ့အတွက် ဦးနှောက်ရဲ့လုပ်နိုင်စွမ်း၊ တွေးတောနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒီလိုမျိုးဆိုးကျိုးတွေမဖြစ်စေဖို့အတွက် ညဘက်၁၁နာရီကနေ မနက်၆ နာရီထိအကျင့်တစ်ခုလို  ပျော်အောင်အိပ်ပေးသင့်ပါတယ်။

Photo Source – Metal Health.