ကိုယ့်ရဲ့အရေပြားက ပုံမှန်နဲ့မတူပဲ နီမြန်းတာတို့၊ ယားယံတာတို့၊ ရောင်းရမ်းတာတို့  ဖြစ်နေပြီလား ။ အရေးပြားမှာဖြစ်တဲ့ ပြဿနာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူညီလေ့တော့ မရှိပါဘူး။ နေရောင်ခြည်ကြောင့်လည်း ဖြစ်နိုင်သလို၊ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့  လက္ခဏာတွေကလည်း ဘက်တီရီးယားပိုးမွှားလေးတွေနဲ့  ထိတွေ့မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကဲ့ဒီတော့ ကိုယ့်မှာဒီလိုမျိုးအရေပြားနဲ့ဆိုင်တဲ့ ပြဿနာလေးတွေ လက္ခဏာလေးတွေသိထားရင်လည်း သင့်အတွက်တော့ အကျိုးမယုတ်သွားပါဘူးနော်။

Ringworm


Ringworm ဆိိုတဲ့အရေးပြားလက္ခဏာက မျက်နှာသုပ်ပဝါ၊ အိပ်ရာခင်း၊ အဝတ်အစားများ ပေါ်တွင်နေထိုင်သော မှိုပိုးတစ်မျိုးကနေ ကူးစက်လေ့ရှိပါတယ်။ စစခြင်းဆိုရင် နီမြန်းတာကနေစပြီးတော့ တဖြည်းဖြည်းယားယံလာတတ်ပါတယ်။ ပုံမှန်အားဖြင့် မှိုပိုးနဲ့ထိတွေ့ပြီး ၄ ရက်မှာ ၁၄ရက်ကြားမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

Pityriasis Rosea

Pityriasis Rosea ရဲ့ပထမလက္ခဏာက herald patch လို့ပြောလို့ရတဲ့ အကွက်အကြီးလိုပုံစံမျိုးလေးတွေ ဖြစ်လာတတ်ပါတယ်။ သူက နောက်ကျောဘက်တို့၊ ရင်ဘက် နောက်ပြီး ဝမ်းဗိုက်တွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဆရာဝန်တော်တော်များများကတော့ ဒီလိုမျိုးလက္ခဏာကို ဘာကြောင့်လို့တော့ ရှင်းရှင်းလင်းလင်း အဖြေမသိသေးသော်လည်း ဘက်တီးရီးယားပိုးတစ်မျိုးကြောင်း သို့မဟုတ် ဗိုင်းရပ်စ် ကြောင့်ဆိုပြီးအဖြေရှာခဲ့ပါတယ်။

Rosacea

ဒီလက္ခဏာက အမျိုးသားတွေထက် အမျိုးသမီးတွေက သုံးဆလောက်ပိုပြီး အဖြစ်များကြတယ်ဆိုပြီး ဆရာဝန်တော်တော်များများက ပြောဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုရင်တော့ Rosacea က မျိုးရိုးဗီဇနဲ့လည်းဆိုင်သလို နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာမျိုး၊ အပူအစပ်တွေ အရမ်းစားတဲ့အခါတွေမျိုးမှာဖြစ်တတ်ပါတယ်။ အမျိုးသားတွေဆိုရင် အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်တာများခြင်း စတဲ့အခြေအနေမျိုးတွေမှာ ဖြစ်တတ်ပါတယ်။
Photo Source – Free.pik