တချို့ကျတော့ ရင်သားဆိုဒ်အရမ်းကြီးလို့ သေးချင်ကြတာမျိုး ရှိပါတယ်။ ဒီလိုသေးချင်ရင် ဘေးဥပါဒ်မရှိတဲ့ သဘာဝနည်းလမ်းတွေနဲ့ လေ့ကျင့်ခန်းတွေလုပ်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် ရင်သားဆိုဒ်ကို သဘာဝအတိုင်း လျော့သွားအောင်လုပ်ပေးနိုင်မယ့် ရိုးရှင်းသောနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Cardio training

Cardio training လုပ်ပေးခြင်းက ရင်သားဆိုဒ်ကို လျှော့ချပေးနိုင်ပါတယ်။ သေချာသာ နည်းလမ်းကျကျနဲ့ လုပ်မယ်ဆိုရင်တော့ ၂ ပတ်လောက်နဲ့ ရင်သားမှာရှိတဲ့ အဆီပိုတွေပါလျော့ကျပြီး ရင်သားဆိုဒ်လျော့လာစေပါတယ်။

Aaerobics

Aaerobics ကစားပေးခြင်းကလည်း ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကိုဖယ်ရှားပေးပြီး ကိုယ်ရည်စစ်စေပါတယ်။ ရင်သားဆိုဒ်လည်း လျော့ကျစေပါတယ်။ ဒါလည်း ၂ ပတ်လောက်နဲ့ Result ကို မြင်တွေ့နိုင်ပါတယ်။

Massage လုပ်ခြင်း

Essential oils or natural oils တစ်ခုခုကို ရင်သားမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ် နှိပ်နယ်ပေးမယ်ဆိုရင်တော့ ရင်သားတင်းရင်းပြီး ဆိုဒ်လျော့ကျစေပါတယ်။

ဂျင်းသောက်ခြင်း

ဂျင်းကိုကြိတ်ပြီး ရေနဲ့ပွက်ပွက်ဆူတဲ့အထိ တည်ပေးပါ။ ပွက်ပွက်ဆူလာရင် ခွက်တစ်ခွက်စာထည့်ပြီး ပျားရည်တစ်ဇွန်းထည့်ကာ မွှေသောက်ပါ။ ဒီနည်းလမ်းကလည်း ရင်သားဆိုဒ်လျော့ကျစေဖို့ ကူညီပေးပါတယ်။

Green tea သောက်ခြင်း

Green tea က ကျန်းမာရေးနဲ့ အသားအရေ၊ အလှအပအတွက် အရမ်းကောင်းပါတယ်။ Green tea ကို နေ့တိုင်း တစ်နေ့ ၂ ခွက်၊ ၃ ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ဝိတ်ကျပြီး ရင်သားဆိုဒ်လည်း လျော့ကျသွားတာကို မြင်တွေ့ရမှာပါ။

ကြက်ဥ (Egg whites) နဲ့ ပေါင်းတင်ခြင်း

ကြက်ဥတစ်လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အကာရည်ကိုပဲ အမြှုပ်ရအောင် ခလောက်ပေးတာပဲဖြစ်ဖြစ်၊ မွှေစက်နဲ့မွှေတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ အမြှုပ်ရလာပြီဆိုရင် ကြက်သွန်နီအရည် တစ်ဇွန်းထည့်မွှေပါ။ ပြီးရင်တော့ ရင်သားမှာလိမ်းပြီး ခဏထားပါ။ ပြီးမှ ရေချိုးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရင် သိသာတဲ့ Result ကို မြင်တွေ့ရမှာပါ။

ငါး

ငါးတွေထဲမှာက omega-3 fatty acids တွေ ကြွယ်ဝစွာပါဝင်လို့ အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ သူက ရင်သားဆိုဒ်ကိုလည်း လျှော့ချပေးပါတယ်။ အထူးသဖြင့် တူနာငါး၊ မက်ကရယ်ငါးနဲ့ ဆောလမွန်ငါးတွေကိုစားပေးရင် သိသာတဲ့ Result ကို ရရှိစေပါတယ်။