အစားတစ်လိုင်းတွေအတွက်ကတော့ ဝိတ်ကျချင်ပေမယ့် အစားမစားပဲတော့ နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Diet မလုပ်ပဲ နည်းလမ်းမှန်မှန်နဲ့ ဝိတ်ကျစေမယ့်နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးကို အမြဲတမ်းသေချာ လိုက်လုပ်ဖို့တော့ လိုပါတယ်။ ဒါမှသာ Diet မလုပ်ပဲ ဝိတ်ကျမှာပါနော်။

မနက်မိုးလင်းလို့ အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ။

မနက်စာကို အာဟာရမျှတအောင် သေချာစားပါ။

နေ့လည်စာကိုပုံမှန်အတိုင်းပဲစားပါ။ ဒါပေမယ့် ဟင်းအဆီအနှစ်တွေကို ရှောင်စားပါ။

ညစာကို ၇ နာရီမတိုင်ခင်စားပါ။ ညနေဘက်စားတဲ့အခါမှာ ထမင်းကိုလျော့စားပြီး အသီးအရွက်များများ ထည့်စားပေးပါ။ အဲ့နောက်ပိုင်းမှာ ဘာမှမစားပါနဲ့။

ညအိပ်ခါနီးမှာ Green tea တစ်ခွက်သောက်အိပ်ပါ။

တစ်နေ့တာအတွက် သရေစာမုန့်စားမယ်ဆိုရင် အဆီအစိမ့်တွေ၊ ဆီကြော်မုန့်တွေကိုရှောင်ပြီး အသီးအနှံတွေကို အစားထိုးပြီး စားပါ။ ဆိုဒါပါတဲ့အချိုရည်၊ gas ပါတဲ့အချိုရည်တွေ၊ သကြားပါတဲ့အချိုရည်တွေကို သောက်မယ့်အစား သဘာဝသစ်သီးတွေကို ကိုယ်တိုင်ဖျော်သောက်ပါ။

အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးမဝရင် ဝိတ်ပိုတက်ပါတယ်။ အိပ်ချိန်၊ ထချိန်ကို သေချာသတ်မှတ်ထားပါ။

နေ့တိုင်း လမ်းလျှောက်တဲ့အကျင့်လုပ်ပါ။ အထိုင်မများပါနဲ့။ လမ်းများများလျှောက်ပါ။

နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ။ အချိန် နာရီဝက်လောက်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။

အချိန်ရရင် တရားထိုင်တဲ့အကျင့်လုပ်ပါ။ ဒီအချက်တွေကိုသာ သေချာလုပ်သွားရင် diet မလုပ်ပဲ ဝိတ်ကျလာပါလိမ့်မယ်။

Source: www.stylecraze.com