လူသားတို့ နေ့စဉ်ပြုလုပ်နေတဲ့အရာတွေက အလေ့အကျင့်ဖြစ်သွားပြီး တစ်ခါတလေကျရင် လိုတာထက် အချိန်ပိုကုန်မိစေတတ်တာကို သတိပြုကြမယ် ထင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့အဖိုးတန်လှတဲ့အချိန်တွေကို အလဟဿဖြုန်းတီးရာမရောက်စေဖို့ နေ့စဉ်ဘဝမှာ ဘယ်လို ရိုးရှင်းလွယ်ကူတဲ့ ဖြတ်လမ်းနည်းလေးတွေကို သုံးပေးလို့ရသလဲဆိုတာကို အတူတူဖတ်ကြည့်ရအောင်နော်။

၁။ ဖုန်းအားသွင်းတဲ့အခါ

ဖုန်းဘက်ထ္ထရီကို အားမြန်မြန်ဝင်စေချင်တယ်ဆိုရင်တော့ Flight Mode (သို့) Airplane Mode ပြောင်းပြီး အားသွင်းကြည့်လိုက်ပါ။

၂။ ကြက်ဥ၊ ဘဲဥခွာတဲ့အခါ

တစ်ခါတလေ ကြက်ဥပြုတ်ခွာတဲ့အခါ ကြက်ဥအခွံနဲ့ ကြက်ဥအကာက ကပ်နေပြီး ခွာရခက်တတ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ခွာချင်တယ်ဆိုရင်တော့ ကြက်ဥပြုတ်နေတဲ့အချိန် မဆူခင်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးလိုက်ပါ။

၃။ ဖောင်ဒေးရှင်းဝယ်တဲ့အခါ

ပျိုမေလေးတို့ မိတ်ကပ်ဖောင်ဒေးရှင်းဝယ်တဲ့အခါ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ မျက်နှာနဲ့ လက်ကောက်ဝတ်မှာ စမ်းသပ်တာထက် လည်ပင်းမှာ စမ်းပေးပါ။

၄။ သော့တွေကို အရောင်ခွဲထားမယ်

တံခါးဖွင့်ခါနီးဆိုရင် သော့တွဲမှာ သော့တွေများနေလို့ စိတ်မရှည်ဖြစ်တတ်ပါသလား။ သော့ချောင်းလေးတွေကို လက်သည်းနီအရောင်နဲ့သုတ်လိမ်းပြီး မှတ်ထားပေးပါ။

၅။ အဝတ်အစားတွေကို မီးပူမတိုက်ချင်တဲ့အခါ

အင်္ကျီအဝတ်အစားလေးတွေ ပြန့်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အချိန်ပေးပြီး မီးပူတိုက်စရာမလိုတော့ပါဘူး။ အဝတ်လျှော်စက်နဲ့လျှော်ပြီးတဲ့အခါ အဝတ်လျှော်အခြောက်ခံစက်ထဲကို ရေခဲတုံး ၃ တုံးထည့်ပြီး ၁၅ မိနစ်ခန့် အခြောက်ခံလိုက်မယ်ဆိုရင် အင်္ကျီအဝတ်အစားလေးတွေ တွန့်ကြေနေတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဝတ်အစားအများကြီးကို တစ်ချိန်တည်းမှာ စုပြုံပြီးမထည့်ဖို့တော့ လိုလိမ့်မယ်နော်။

၆။ နားကြပ်လေးတွေ ကြိုးမရှုပ်ဖို့

သီချင်းနားထောင်ခါနီးဆို နားကြပ်ကြိုးဖြည်နေရတာ စိတ်မရှည်ဖြစ်နေပါသလား။ ပေါင်မုန့်အထုပ်ကြီးတစ်ထုပ်ဝယ်တဲ့အခါ ပလပ်စတစ်ကိုပိတ်ထားတဲ့အရာကို အသုံးပြုပြီး နားကြပ်ကြိုး မရှုပ်ထွေးအောင် သိမ်းထားလိုက်ပါ။

၇။ ကျောပိုးအိတ်နဲ့ လိုင်းကားတိုးစီးရတဲ့အခါ

လိုင်းကားတိုးစီးရတဲ့အခါ ခါးပိုက်နှိုက်ရန်မှ ကာကွယ်ဖို့ မိမိရဲ့ကျောပိုးအိတ်ကို အနောက်မှာမလွယ်ဘဲ အရှေ့ပြောင်းလွယ်ပါ။ ဘေးလွယ်အိတ်တွေဆိုလည်း ထိုနည်းအတိုင်းပါပဲ မိမိမျက်စိနဲ့ မြင်ရတဲ့နေရာမှာ ပြောင်းလွယ်ပေးပါ။

၈။ မိမိရဲ့ဖုန်း ရေမစိုဖို့

ရေကူးကန်သွားတာပဲဖြစ်ဖြစ်၊ ကမ်းခြေသွားပြီး ရေဆော့ကစားတဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့ဖုန်းရေမစိုဖို့ အလုံပိတ်လို့ရတဲ့ ပလပ်စတစ်အိတ်အသုံးပြုပါ။

Source: Brightside.me