Facial Massage လုပ်ဖို့အတွက် ဆိုင်ကိုတကူးတကမသွားဖြစ်ရင် ရိုးရှင်းတဲ့ Steps တွေနဲ့ အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့ရပါတယ်။ ဒါကြောင့် အိမ်မှာပဲ ကိုယ်တိုင်အလွယ်တကူလုပ်လို့ရမယ့် Facial Massage ပြုလုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Massage Forehead

ပထမပုံမှာပြထားတဲ့ လက်ပုံစံအတိုင်း လုပ်ထားပါ။ ပြီးရင်တော့ ဒုတိယပုံမှာပြထားတဲ့ မျှားတွေအတိုင်း လက်နဲ့ အပေါ်ကိုဆွဲတင်လိုက်၊ ဘေးဘက်တွေကိုဆွဲလိုက်နဲ့ ၅ ကြိမ်စီ Massage လုပ်ပေးရုံပါပဲ။

Massage Eye Area

မျက်လုံးနားတစ်ဝိုက်ကို Massage လုပ်တဲ့အခါမှာလည်း ပထမပုံမှာပြထားတဲ့ လက်ပုံစံအတိုင်း လုပ်ထားပါ။ ပြီးရင် မျက်လုံးအပေါ်၊ အောက်ကို မျှားနဲ့ပြထားတဲ့အတိုင်း လက်နဲ့ Massage လုပ်ပေးရပါမယ်။ ၅ ကြိမ်စီလုပ်ပေးရင် ရပါပြီ။

Massage Cheeks

ပါးနှစ်ဖက်ကို လက်နဲ့ Massage လုပ်ဖို့အတွက် လက်အနေအထားက ပုံမှာပြထားတဲ့အတိုင်းပဲ လုပ်ရပါမယ်။ ပြီးရင်တော့ မျှားပြထားတဲ့အတိုင်း ၃ နေရာကို လက်နဲ့ဆွဲတင်ပေးပါ။ အဲ့အတိုင်း ၅ ကြိမ်စီလုပ်ပေးရမှာပါ။

Massage Mouth Area

ပါးစပ်နားတစ်ဝိုက်ကို Massage လုပ်တဲ့အခါမှာတော့ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ချောင်းနဲ့ မျှားပြထားတဲ့အတိုင်း ဆွဲပေးပါ။ ဒါလည်း ၅ ကြိမ်စီလုပ်ပေးရုံပါပဲ။

Massage Chin Area

မေးစိနားတစ်ဝိုက်ကို Massage လုပ်တဲ့အခါမှာတော့ လက်ကို ပထမပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ပြီးရင် မေးစိအလယ်နားကနေ အပေါ်ဘေးနှစ်ဖက်ကို မျှားပြထားတဲ့အတိုင်း ဆွဲတင်ပေးပါ။ ဒါလည်း ၅ ကြိမ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

Massage Neck

Facial Massage လုပ်တဲ့အခါမှာ လည်ပင်းကိုလည်း မချန်ခဲ့ပါနဲ့။ ခေါင်းကိုမော့ပြီး ပထမပုံမှာပြထားတဲ့အတိုင်း လက်ကိုလုပ်ထားပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့မျှားအတိုင်း အောက်ကို ၄ နေရာ ဆွဲချရမှာပါ။ သူ့ကိုလည်း ၅ ကြိမ်လုပ်ပေးရင်ရပါပြီ။

Massage Entire Outline Face

နောက်ဆုံးအဆင့်ဖြစ်တဲ့ မျက်နှာတစ်ပြင်လုံးအတွက် Massage လုပ်ရမှာပါ။ လက်ကိုတော့ ထုံးစံအတိုင်းပဲ ပထမပုံထဲကလိုထားပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့မျှားတွေအတိုင်း တစ်ဖြတ်ချင်းစီ လက်နဲ့အောက်ကိုဆွဲပြီး Massage လုပ်ပေးရမှာပါ။ ဒါလည်း ၅ ကြိမ်လုပ်ပေးရမှာပါ။