တချို့လူတွေထိုးထားတဲ့ တတ်တူးဒီဇိုင်းတွေထဲမှာ အရွက် ၄ ခုပါတဲ့ Clover Leaf လေးတွေကို တွေ့ဖူးကြမှာပါ။ သူက ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းတို့ကို ကိုယ်စားပြုတာမလို့ တတ်တူးထိုးတဲ့သူတွေကြားမှာ ဆယ်စုနှစ်များစွာ ကြာအောင် ရွေးချယ်ခံနေရတုန်းပါပဲ။ ဒါတွေကတော့ တတ်တူးထိုးတဲ့သူတွေကြားမှာ တွေ့ရလေ့ရှိတဲ့ နာမည်ကြီးတဲ့ Clover Leaf တက်တူးဒီဇိုင်းတွေပါ။

Forearm Shamrock Tattoo

ဒီတတ်တူးဒီဇိုင်းကိုတော့ အများစုက လက်ဖျံ ၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နဲ့ နောက်ကျော်ဂုတ်စတဲ့ နေရာမှာ အထိုးများပါတယ်။

Miniature Shamrock Tattoo

သေးသေးလေးပေမယ့် ဆွဲဆောင်မှုရှိတဲ့ ဒီတတ်တူးလေးကိုလည်း တော်တော်များများက လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နဲ့ နောက်ကျော်ဂုတ်စတဲ့ နေရာမှာ ထိုးလေ့ရှိပါတယ်။

Behind-The-Ear Shamrock Tattoo

နားအနောက်ဘက်မှာ ထိုးကြတဲ့ဒီ ဒီဇိုင်းလေးကတော့ သေးပေမယ့် သိမ်မွေ့ပြီးဆွဲဆောင်မှုရှိပါတယ်။

Shamrocks and Stars Tattoo

Shamrock ကို တစ်ခုတဲမဟုတ်ဘဲ နှစ်ခုလောက်ထိုးချင်ရင် အခုလိုကြယ်လေးနဲ့ရောထိုးတာကလည်း တမျိုးလေးဆန်းစေပါတယ်။ ဒီဒီဇိုင်းကိုတော့ နားအနောက်မှာတင်မကဘဲ ခြေကျင်းဝတ်၊ လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းတို့မှာထိုးလည်း လှပါတယ်။

Wrists Shamrock Tattoo

Shamrock ကို အပြည့်မထိုးဘဲ အနားသတ်လေးကိုဘဲ မှင်အမှဲနဲ့ထိုးတာကလည်း အမြင်တမျိုးဆန်းစေပါတယ်။

Shamrock Tattoo in White Ink

Wrists Shamrock လိုမျိုးမှင်အမှဲမသုံးချင်ဘူး ၊ အရမ်းထင်းနေတာမျိုးလည်း မလိုချင်ဘူးဆိုရင် White Inkလေးကို စမ်းကြည့်ပါ။

“Live, Laugh, Love” Shamrock Tattoo

ကံကောင်းခြင်းရဲ့ သင်္ကေတအဖြစ် Shamrock ကိုထိုးတဲ့အခါ သင်ကြိုက်တဲ့စာတိုလေးတွေနဲ့လည်း တွဲထိုးလို့ရပါတယ်။