မျက်ကွင်းညိုတဲ့သူတွေအတွက် ကြက်ဆူဆီကိုသုံးပြီး မျက်ကွင်းညိုတာကို သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ မျက်ကွင်းညိုတာကို ကုသဖို့အတွက်တော့ ကြက်ဆူဆီက တကယ်ထိရောက်ပါတယ်။ ဒါကြောင့် မျက်ကွင်းညိုနေလို့ သဘာဝနည်းလမ်းတွေနဲ့ လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်ကြည့်လို့ရပါတယ်။

ကြက်ဆူဆီနဲ့နွားနို့

ကြက်ဆူဆီ – ၅ စက်နဲ့ နွားနို – နည်းနည်းကိုရောမွှေပြီး မျက်ကွင်းညိုတဲ့နေရာကို လိမ်းပေးပါ။ တစ်နာရီထားပြီးရင်တော့ ရေခဲရေနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် ၃ ရက် တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။

ကြက်ဆူဆီနဲ့ Almond Oil

ကြက်ဆူဆီ – ၄ စက်နဲ့ almond oil – ၄ စက်ကို ရောမွှေပြီး မျက်ကွင်းညိုတဲ့နေရာမှာ ဖြေးဖြေးချင်းစီ ပွတ်လိမ်းပြီး massage လုပ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့ မျက်နှာပြန်သစ်ပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း ၃ ရက် တစ်ခါ (သို့) တစ်ပတ် ၂ ကြိမ်လုပ်ပေးရင် ရပါပြီ။

ကြက်ဆူဆီနဲ့အုန်းဆီ

ကြက်ဆူဆီနဲ့အုန်းဆီကို ဆတူရောမွှေပြီး ညအိပ်ယာဝင်ခါနီးတိုင်း မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပြီးအိပ်ပါ။ မျက်ရောက်မှ မျက်နှာသစ်ပေးရပါမယ်။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် ၃ ရက် တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။