အပြင်သွားဖို့ အလှပြင်ရင်း မတော်တဆ အဝတ်အစားပေါ်မှာ Foundation တွေ ပေကုန်တာမျိုးဖြစ်ဖူးလား ? ကိုယ်ကြိုက်တဲ့ အဝတ်အစားပေါ်ပေကုန်ရင် တကယ်စိတ်ညစ်စရာပါပဲ။ ဒါပေမယ့် စိတ်မညစ်ပါနဲ့ ။ ဒီလိုပေကုန်ရင် ပေနေတဲ့ Foundation ကို လွယ်လွယ်ဖယ်ရှားနိုင်ဖို့ ဒီနည်းလမ်းတွေကို သုံးကြည့်ပါ။

Detergent သုံးပါ

ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာရည်ကိုယူပြီး ပေနေတဲ့အစွန်းအထင်းပေါ် လောင်းချလိုက်ပါ။ ဒါက ပေနေတဲ့ အစွန်းအထင်းတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ပိုမြန်လေ၊ ပိုကောင်းလေပါပဲ။

စိမ်ထားလိုက်ပါ

အဝတ်လျှော်စက်ထဲ မထည့်ခင် 30-45 မိနစ်လောက် ကြက်သီးနွေးရေထဲမှာ စိမ်ထားလိုက်ပါ။ ကြာလေလေ ပိုကောင်းလေပါပဲ။

လေနဲ့အခြောက်ခံပါ

လျှော်ပြီးလို့ အခြောက်ခံတဲ့အခါ အခြောက်ခံစက်ထဲထည့်မယ့်အစား အစွန်းအထင်းတွေ ထွက်လာအောင် လေနဲ့ ခြောက်အောင်ထားလိုက်တာ အကောင်းဆုံးပါပဲ။

Shaving Cream သုံးပါ

ပေနေတဲ့ ဖောင်ဒေးရှင်းအရည်ကို ဇွန်းနောက်ကျောနဲ့ အသာအယာခြစ်ပြီး အစွန်းအထင်းပေါ်ကို Shaving Cream လိမ်းလို်က်ပါ။ မိတ်ကပ်အမှုန်အမွှားတွေပျောက်သွားဖို့အတွက် 5-10 မိနစ်လောက်ထားပါ။ ပြီးမှ ရေအေးနဲ့လျှော်ပေးပါ။ လိုအပ်ရင် ထပ်ခါထပ်ခါထပ်လုပ်ပါ။

သံပုရာသီးသုံးပါ

အဝတ်စိမ်ပြီးလို့ လျှော်တဲ့အခါ ဆပ်ပြနဲ့နောက်တစ်ခေါက် ထပ်လျှော်ပေးပါ။ ပေနေတဲ့နေရာကို သံပုရာသီးနဲ့ပွတ်ပြီး ထပ်လျှော်ပေးပါ။