ဆံပင်အရှည်နဲ့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ဆံပင်အလှပါပေါ်လွင်စေမယ့် photo pose idea လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ဖားလျားချပြီး ဒီလိုလှည့်နေတဲ့ပုံလေး pose ပေးရိုက်ကြည့်ပါ။ မျက်နှာမမြင်ရတာတောင်မှ ချစ်ဖို့ကောင်းပါတယ်။

ဆံပင်အရှည်လေးနဲ့ဆိုရင် ဆံပင်ကိုတစ်ဖက်ချပြီး ဒီလိုလေး pose ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

Body fit လေးတွေဝတ်ထားရင် မိန်းကလေးဆန်ဆန် ဖဲပြားလေးနဲ့ တစ်ဝက်စည်းပြီး ဒီလိုလှည့်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဆံပင်အားလုံးကို အနောက်ပို့ပြီး ဒီလိုလေးလည်း pose ပေးကြည့်ပါ။ ဆံပင်ရှည်လေလှလေပါပဲ။

ဆံပင်အသားပေးရိုက်ချင်ရင် ဒါမျိုး pose လေးတွေ ရိုက်ဖြစ်အောင်ရိုက်ပါ။ မျက်နှာမပါလည်း အရမ်းလှပါတယ်။

ဘေးတစ်စောင်းလေးနေပြီး မျက်နှာလေးနည်းနည်းမော့ကာ pose ပေးကြည့်ပါ။ ဆံပင်ရှည်ရှည်လေးနဲ့ဆို ပိုပြီးလှတဲ့ pose idea လေးပါ။

ဆံပင်လေးတွေကို အနောက်ပို့ပြီး ဒီလို မျက်နှာလေးနည်းနည်းမော့ရိုက်တဲ့ pose မျိုးက မိန်းကလေးဆန်ဆန်လေးတွေ ဝတ်ထားရင် ပိုလှပါတယ်။

Snap ဆန်သလို သူများနဲ့မတူပဲ အရမ်းချစ်ဖို့ကောင်းနေမယ့် pose လေးပါပဲ၊ ဆံပင်ကို လှလှလေးပြင်ပြီးသာ ရိုက်ကြည့်ပါ။

ဆံပင်လေးကို အနောက်ပို့ပြီး ပြေးနေတဲ့ပုံလေးလည်း pose ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ View လှလှလေးသာ သေချာရွေးပြီးရိုက်ပါ။ အရမ်းလှတဲ့ ပုံကောင်းလေး ရလာပါလိမ့်မယ်။

ဆံပင်အရှည်လေးနဲ့ ဒီလိုလေးထိုင်ပြီးရိုက်တာကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆံပင်အရှည်လေးပေါ်အောင် ခေါင်းလေးနည်းနည်းစောင်းပြီး pose ပေးပါ။