အမျိုးသားအတော်များများဟာ ဆံပင်ပါးပြီး ထိပ်ပြောင်လာတဲ့ ပြဿနာနဲ့ ကြုံရတတ်ပါတယ်။ ဆံပင်ကျွတ်တယ် / ထိပ်ပြောင်တယ်ဆိုတာ အသက်အရွယ် ကြီးတဲ့ သူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ငယ်ရွယ်နုပျိုသူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆံပင်ကျွတ်လာပြီဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အထင်ကြီးလေးစားမှုပါ ထိခိုက်လာတတ်ပါတယ်။

ဒါကြောင့်ပဲ ဆံပင်ကျွတ်တာ သက်သာစေဖို့ ဟိုနည်းကောင်းနိုး ၊ ဒီနည်းကောင်းနိုးနဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ များသောအားဖြင့် ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း ဒီအမှားတွေကို အများဆုံး လုပ်တတ်ကြပါတယ်။

(၁) ဆံပင်ကို အရှည်ထားခြင်း

Guy with long hair in gray shirt and torn shorts sits in his chair knocking over his legs on wooden table

Photo: Freepik

ဆံပင်တွေ ရှည်အောင်ထားရင် ပါးနေတဲ့နေရာလေး ဖုံးသွားမလားဆိုပြီး ကြိုးစားတာလည်း အမှားပါပဲ။ တကယ်တော့ ဆံပင်ကို တိုတိုညှပ်လိုက်တာဟာ ပါးနေတဲ့ အပိုင်းကို တစ်ခြား ဆံပင်အလွှာတွေနဲ့ ရောပြီး ဖုံးကွယ်ထားနိုင်တာပါ။ ဆံပင်အရှည်ထားလိုက်မယ်ဆိုရင် တစ်ခြား ခပ်ကွက်ကွက်ဖြစ်လာတဲ့ ဆံပင်မျှင်တွေကို ဖိအားပိုများစေပြီး မြန်မြန်ဆန်ဆန် ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။

(၂) ခေါင်းဖြီးလွန်းခြင်း

Man looking at himself in a mirror in the bathroom. he is combing his hair

Photo: Freepik

ဆံပင်ကို ပုံမှန် ခေါင်းဖြီးတာဟာ ဆံပင်ကျွတ်လွယ် ၊ ပါးလွယ်စေပါတယ်။ ခေါင်းဖြီးတာဟာ ခဏတော့ ကြည့်ကောင်းစေသလို ဖြစ်ပေမယ့် ဆံသားကျန်းမာရေးအတွက် ပြဿနာရှိပါတယ်။ တတ်နိုင်သလောက် ခေါင်းဖြီးတာ လျှော့ပါ။ ခေါင်းဖြီးမယ်ဆိုရင်လည်း ညင်ညင်သာသာ ဖြစ်နိုင်သမျှ ဖြစ်ဖို့ ဂရုစိုက်ပါ။ ဘီးအစား လက်ကို အများဆုံး သုံးပြီး ဆံပင်ကို ပုံသွင်းတာ ပိုလုပ်သင့်ပါတယ်။

(၃) ဦးထုပ်ဆောင်းခြင်း

happy young man carrying backpack taking selfie with smartphone

Photo: Freepik

ဆံပင်ကျွတ်တာ လူမမြင်စေဖို့ အမြဲတမ်း ဦးထုပ်ဆောင်းထားတာမျိုးက ဆံပင်ပိုပါးစေပြီး ထိပ်ပြောင်စေနိုင်ပါတယ်။ တကယ်တော့ ပါးတဲ့ ဆံပင်တွေဟာ ပိုမပြီး ပျက်စီးလွယ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင် ဆံပင်တွေ ပိုပျက်စီးစေဖို့ များပါတယ်။

(၄) ခေါင်းလျှော်လွန်းခြင်း

man washing his hair

Photo: Freepik

Shampoo တွေ သုံးရင် ဆံပင်ပြန်သန်လာမယ် ထင်ပြီး အလွန်အကျွံလုပ်တာလည်း ရှောင်သင့်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး အသုံးများခြင်းကြောင့် ဆံပင်ပျက်စီးနိုင်သလို ဦးရေပြားထဲက အဆီတွေလည်း ခန်းခြောက်သွားနိုင်ပါတယ်။ ဓါတုပစ္စည်းတွေနဲ့ ခဏခဏ ထိတွေ့မိလို့ တစ်ခြား ဆံပင်နဲ့ ဆိုင်တဲ့ ပြဿနာတွေပါ ကြုံနိုင်ပါတယ်။

(၅) ဂရုမစိုက်ဘဲ ပစ်ထားခြင်း

Man straighten hair and holding cream isolated

Photo: Freepik

ယောင်္ကျားလေးအများစုရဲ့ ပြဿနာက သူတို့ကိုယ်ကို သိပ်ဂရုမစိုက်တာပါပဲ။ ဆံပင်ဆိုလည်း သန့်သန့်ရှင်းရှင်း ထားချင်မှ ထားတယ်။ ခေါင်းလိမ်းဆီ ၊ Gel နဲ့ Wax တွေလည်း အများကြီး လိမ်းချင် လိမ်းတယ်။ ဆံပင်သန်စွမ်းစေဖို့ သံဓါတ် ၊ ဗိုက်တာမင်ဘီ စတဲ့ ဓါတ်တွေ ကြွယ်ဝတဲ့ အစာအစာတွေလည်း စားချင်မှ စားတယ်။ အဆိုးဆုံးက ဆံပင်ပါးလာချိန်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး အကြံယူတာမျိုး မလုပ်တာပါပဲ။ ဒီအမှားတွေကို သတိထားမယ်ဆိုရင် ဆံပင်ကျွတ်တာ ၊ ပါးတာနဲ့ တစ်ခြား ဆံပင်နဲ့ ဆိုင်တဲ့ ပြဿနာတွေ အဖြစ်နည်းသွားမှာပါ။