နေ့တိုင်း ၁ % ပဲ ပိုကောင်းလာပါစေ။ တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာခြင်းဟာ သင့်ကို အမြင့်ရောက်စေမယ့် လှေကားတစ်စင်းပါပဲ။ Self-Growth ဆိုတာ တစ်ရက်ချင်း တည်ဆောက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ တစ်လှမ်းချင်းလှမ်းရင်း တစ်ရက်ချင်း တည်ဆောက်ရတဲ့ အောင်မြင်မှု ဖြစ်စဉ်မှာ သင့်ကို ပိုတိုးတက်စေဖို့ ဘာတွေ လုပ်ပေးဖို့ လိုမလဲ ကြည့်ရအောင်။

(၁) စိတ်ရှည်ပါ

Photo: Freepik

အမြဲတမ်း စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံချင်မှ ကြုံမှာပါ။ ဘာပဲ ကြုံကြုံ အခြေအနေကောင်းတစ်ခုဆီ မရောက်မချင်း ဇွဲနဲ့ ချီတက်မယ်ဆိုပြီး စိတ်ရှည်ရှည်ထားပါ။

(၂) အသစ်စွန့်စားမှု လုပ်ကြည့်ပါ

Photo: Freepik

တစ်နေ့ထက် တစ်နေ့ ကိုယ့်အရည်အချင်းတွေ ပိုတောက်ပြောင်စေမယ့် စိန်ခေါ်မှုတွေ လက်ခံပြီး စွန့်စားမှုတွေ လုပ်ကြည့်ပါ။

(၃) အကျင့်ကောင်းလေးတွေ မွေးထားပါ

Photo: Freepik

ပိုကောင်းချင်ရင် ပိုကောင်းတဲ့ အကျင့်တွေ ပြောင်းပေးရပါမယ်။ အချိန်နောက်ကျတတ်ရင် ဂရုတစိုက်နဲ့ အချိန်ကို လေးစားတဲ့ အကျင့်လုပ်ကြည့်ပါ။ ကျန်းမာရေးအတွက် ရေအသောက်နည်းရင် တစ်နေ့ ရေ ၈ ခွက် သောက်ဖြစ်အောင် လုပ်ကြည့်ပါ။ တစ်ရက် နာရီဝက်လမ်းလျှောက်တဲ့ အကျင့် မွေးကြည့်ပါ။

(၄) စာဖတ်ပါ

Photo: Freepik

သူများထက် ပိုတတ်ချင်ရင် စာဖတ်ပါ။ ပိုသိချင်ရင် စူးစမ်းပါ။ ပိုအမြင်ကျယ်ချင်ရင် လေ့လာသုံးသပ်ပါ။ တန်ဖိုးရှိတာတွေ စဉ်းစားဖို့ ခေါင်းကို အလုပ်များများပေးကြည့်ပါ။

(၅) စိတ်နှလုံးကောင်းနဲ့ ဆက်ဆံပါ

Photo: Freepik

နေ့တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဆင်ခြင်ပြီး စိတ်နေသဘောထားကို ပိုကောင်းအောင် ပြုပြင်ပေးပါ။ မနေ့ကထက် ဒီနေ့ ပိုကောင်းတဲ့ နှလုံးသားသစ်နဲ့ လူတွေကို ချစ်ချစ်ခင်ခင် ဆက်ဆံမယ်လို့ ဆုံးဖြတ်ပါ။

ရင်းနှီးကျွမ်းဝင်လိုတဲ့ စိတ်အခံနဲ့ ကောင်းမွန်မှန်ကန်မျှတတဲ့ သဘောထားကို လက်ကိုင်ပြုပြီး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့သူဖြစ်အောင် နေထိုင်မယ်လို့ အဓိဌာန်လိုက်ပါ။ ၁၅ ရက် တစ်လလောက်အကြာမှာ ကိုယ်ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် ကြည်ညိုစရာကောင်းတဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရပါလိမ့်မယ်။