ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ အရမ်းကျွတ်နေလို့ စိတ်ညစ်နေပါသလား။
ဆံပင်ကျွတ်တာက လူတိုင်းလိုလို ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ကျွတ်တာကို ဖြေရှင်းဖို့ ကြက်သွန်ဖြူကို အသုံးပြုမယ်လို့ စဉ်းစားဖူးပါသလား။
ကြက်သွန်ဖြူက ဆံပင်ကျွတ်တာကို သက်သာပျောက်ကင်းစေပြီး ဆံပင်တွေကို အမြန်ဆုံး ရှည်စေပါတယ်။ ကြက်သွန်ဖြူကို ရိုးရိုးသုံးတာမျိုးမဟုတ်ဘဲ ကြက်သွန်ဖြူဆီလုပ်ပြီး အသုံးပြုရမှာပါ။ ကြက်သွန်ဖြူဆီကို ဘယ်လိုလုပ်မလဲဆိုတာ ပြောပြချင်ပါတယ်။
ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ၆ စိတ်မှ ၈ စိတ်ထိ
ဗာဒံဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အုန်းဆီ၊ သံလွင်ဆီ တို့ကိုလည်း အသုံးပြုလို့ရပါတယ်။)
ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Essential Oil ၂ စက် ကနေ ၃ စက် (ထည့်ချင်မှထည့်ရန်)
ပြုလုပ်နည်း
ကြက်သွန်ဖြူကို ဖိပြားလိုက်ပြီး ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ကာ မွှေပါ။
ပြီးရင် သန့်ရှင်းတဲ့ ခွက်တစ်လုံးကိုယူပြီး ပိတ်စအသန့် တစ်ခုခံကာ ကြက်သွန်ဖြူ ကြိတ်ထားတာကို ထည့်ပါ။
ပြီးရင် ပိတ်စကို ညှစ်ပြီး ကြက်သွန်ဖြူကနေ အရည်ထွက်လာအောင်ညှစ်ကာခွက်ထဲထည့်ပါ။
အဲဒီနောက် ဗာဒံဆီ ၊ ကြက်ဆူဆီ နဲ့ Essential Oil ထည့်ပါ။
အဲဒီနောက် သေချာမွှေပေးပါ။
အသုံးပြုနည်း
အခုလို လုပ်ထားတဲ့ အရည်ထဲမှာ ဝါဂွမ်းနစ်လိုက်ပြီး ဆီကိုညှစ်ထုတ်လိုက်ပါ။ အဲဒီနောက် ဦးရပြားပေါ်မှာ သေချာလိမ်းပေးပါ။ ဦးရေပြားတစ်ခုလုံးကို သေချာလိမ်းပေးပါ။ ပြီးရင် Shower Cap (ရေချိုးရင်ဆောင်းတဲ့ ဦးထုပ်) (သို့) တဘက်ပေါင်းပြီး ၁နာရီလောက်ထားပါ။
ပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ပေါင်းဆေးထည့်ပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ တစ်လဆိုရင် အကောင်းဆုံရလဒ်တွေ ရရှိလာမှာဖြစ်ပါတယ်။