မင်္ဂလာပါ… ပျိုမဒီတို့ရေ.. အလုပ်မှာ တစ်ပတ်လုံးလုံး စိတ်ပင်ပန်းကိုယ်ပင်ပန်းလုပ်ခဲ့ပြီးရင်တော့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ လိုအပ်ပါတယ်။ လိုအပ်နေတဲ့ စိတ်အပန်းဖြေမှုနဲ့ မိမိကိုယ်ကို ဂရုစိုက်ဖို့ နည်းတွေအများကြီးကထဲကမှ Spa ကလည်း သင့်တော့်တဲ့ နည်းလမ်းပါပဲ။ စိတ်အပန်းဖြေပြီး လှပစေနိုင်ပါတယ်။

ဒါပေမယ့် Spa သွားဖို့က ငွေကုန်ကြေးကျများမယ်ထင်ရင် အိမ်မှာတင်ဘဲ Spa အတွေ့အကြုံကို ဖန်တီးလို့ရပါတယ် ။

ရေနွေးနဲ့ ရေချိုးပါ။ ရေနွေးပူပူကို ကြိုက်သည်ဖြစ်စေ နွေးသည်ဖြစ်စေ ဒီ သင့်တော်တဲ့ အပူချိန်နဲ့ ရေချိုးကန်ကို ရေဖြည့်ပါ။

ရေဖြည့်နေချိန် မီးမှိန်မှိန်လေးနဲ့ ဖယောင်းတိုင်အချို့ထွန်းထားပါ။ ရနံ့ကုထုံးက စိတ်အပန်းပြေမှုနှင့် စိုးရိမ်ပူပန်မှုတွေကို သက်သာစေတာကြောင့် ရနံ့ကောင်းတဲ့ ဖယောင်းတိုင်က မရှိမဖြစ်လိုအပ်ပါတယ်။

နို့နဲ့ Oatmeal တွေကို ရေချိုးကန်ထဲထည့်ပြီး ရေချိုးပေးလို့ ရပါတယ်။ ဒါတွေက အစိုဓာတ်ထိန်းပေးတဲ့ အာနိသင်ရှိတာကြောင့် ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ ဒါမှမဟုတ် ဗာဒံဆီ၊ ဂျိုဂျိုဘာဆီ ဒါမှမဟုတ် အုန်းဆီ တစ်ဇွန်းလောက်ထည့်ကြည့်ပါ။ နူးညံ့တဲ့ အသားအရေလေးနဲ့ ရေချိုးခန်းထဲက ထွက်လာလိမ့်မယ်။

ရေစိမ်ပြီး နာကျင်နေတဲ့ ကြွက်သားတွေကို နှိပ်နယ်ပေးပါ။ ရေနွေးနွေးထဲမှာ အကြောတွေ ဖြေလျော့ဖို့ ကြွက်သားတွေကို လက်ချောင်းတွေနဲ့ ဆုပ်နယ်ပေးပါ။

Scrub နဲ့ လက်များ၊ ခြေထောက်များနဲ့ ခန္ဓာကိုယ်ကို ပွတ်ပေးပါ ။ ရေချိုးခန်းထဲကထွက်လာတဲ့အခါ အသားအရေဟာ နူးညံ့ချောမွေ့ပြီး ကျန်းမာလာပါလိမ့်မယ်။

အားလုံးပြီးသွားရင် အရေပြားကို ခြောက်အောင်သုတ်ဖို့ မျက်နှာသုတ်ပဝါကိုသုံးပါ ။ ပြီးမှ Lotion သို့မဟုတ် Body Cream လိမ်းပြီး အစိုဓာတ်ကို ထိ်န်းပေးပါ ။