သင်ကိုင်နေတဲ့ သင့်ဖုန်းက တစ်နေ့တာရဲ့ မရှိမဖြစ်ထဲ ပါလာပါပြီ။ တစ်ခါတလေ ဖုန်းမရှိဘဲ ဘာလုပ်နိုင်မလဲ၊ နေကော နေနိုင်ရဲ့လားဆိုတဲ့ မေးခွန်းတွေက မေးစရာတွေ ဖြစ်လာနေပါပြီ။ သင်က ဖုန်းကို နေ့တိုင်း သုံးနေရတာကြောင့် ကိုယ့်ကိုယ်ကိုယ် လှအောင် လုပ်သလိုပဲ ကိုယ် သုံးနေတဲ့ ဖုန်းကို လည်း လှအောင် ပြင်ဆင်ပေးသင့်ပါတယ်။ ဒီလိုမှ သင်ပါ ဖုန်းနဲ့အတူ စိတ်ချမ်းသာနိုင်မှာပါ။ ဒီတော့ ဖုန်းကို ဘယ်လို အလှဆင်နိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ ဖုန်းထဲက မလိုတဲ့ ပုံအဟောင်း၊ ဗီဒီယိုအဟောင်းတွေကို ဖျက်ပစ်ပါ

ဓာတ်ပုံတွေက ဖိုင် Size သိပ်မကြီးပေမယ့် များလာပြီဆိုရင်တော့ ဒါက သင့်ဖုန်းကို ပိုလေးစေနိုင်ပါတယ်။ ဒီတော့ မလိုအပ်တဲ့ ဓာတ်ပုံတွေ၊ ဖိုင်တွေကို အချိန်ပေးပြီး ဖျက်သင့်ပါတယ်။

၂။ ဖုန်း Cover လဲပါ

သင့်ဖုန်း မှန်မကွဲ ကွဲနေရင် Screen Guard အသစ် လဲသင့်ပါတယ်။ ဒီလိုပဲ ဖုန်းကို Cover လုပ်ထားတဲ့ Phone Case ကိုပါ အသစ် လဲကိုင်သင့်ပါတယ်။

၃။ သင့်ဖုန်း Password ကိုပြောင်းပါ

ဒီ Password ကိုပဲ သုံးတာ ကြာလာတဲ့အခါ သင့်အပြင် တခြားလူတွေပါ သင့် Password နဲ့ ရင်းနှီးလာနိုင်ပါတယ်။ ဒါကြောင့် Password ပြောင်းပေးသင့်ပါတယ်။

၄။ သုံးဖြစ်တဲ့ Application တွေကို Update လုပ်ပါ

Update လုပ်လိုက်မှ New Features လှလှလေးတွေကို သင်ပါ ခံစားနိုင်မှာပါ။ အမြဲ Up to date ဖြစ်နေဖို့ ဖုန်း App တွေကို Update သင့်ပါတယ်။

၅။ မလိုအပ်တဲ့ လူတွေကို ဘလော့လုပ်ပါ

သင့်ဖုန်းထဲမှာ သင့်စိတ်ကို ဒုက္ခပေးနေတဲ့ သူတွေ ရှိနေနိုင်ပါတယ်။ သင်က ဒီလူတွေကို ဖုန်းထဲ မြင်နေရမယ့် အစား Block သင့်ပါတယ်။

၆။ Contact Name တွေ ပြန်ပြင်ပါ

ပြောင်းလဲ သွားတဲ့ မိတ်ဆွေသစ်တွေ၊ ပြောင်းသွားတဲ့ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကို ပြန်ပြင်ဆင်သင့်ပါတယ်။

ဒီလိုဆိုရင် သင့်ဖုန်းလေး Glow Up ဖြစ်လာမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar