ဂျိုင်းမဲနေရင် လက်ပြတ်ဝတ်ရတာလည်း အဆင်မပြေပါဘူး။ အထူးသဖြင့် မိန်းကလေးတိုင်းက ဂျိုင်းဖြူတာမျိုးကို လိုချင်ကြတာပါ။ ဂျိုင်းမဲရတဲ့အကြောင်းအရင်းကိုသိမှလည်း ကိုယ်တိုင်လုပ်မိနေတာရှိရင် ဆင်ခြင်လို့ရမှာပါ။ ဒါကြောင့် ဂျိုင်းမဲရတဲ့အကြောင်းအရင်းနဲ့ ဂျိုင်းမဲတာကိုသက်သာစေမယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

ဂျိုင်းမဲရတဲ့အဓိကအကြောင်းအရင်းများ

သွေးတွင်းရှိ serum cortisol level တွေတိုးလာရင် ဂျိုင်းနဲ့ လည်ပင်းဧရိယာတစ်ဝိုက်က မဲလာတတ်ပါတယ်။

Deodorants နဲ့ antiperspirants တွေကိုသုံးတာများရင်လည်း အရေပြားကိုတိုက်ရိုက်ထိတာကြောင့် ဂျိုင်းယားတာမျိုး၊ မဲတာမျိုးတွေ ဖြစ်လာပါတယ်။

ဂျိုင်းမွှေးရိတ်တာ shaving လုပ်တာတွေက ဂျိုင်းမဲစေပါတယ်။ ဒါကြောင့် waxing လုပ်တာက အကောင်းဆုံးပါပဲ။

အသားအရေကို exfoliation လုပ်ပေးသလိုပဲ ဂျိုင်းသား အသားအရေကိုလည်း တစ်ပတ်တစ်ခါ ပုံမှန် exfoliation လုပ်ပေးမှ ဆဲလ်သေတွေဖယ်ရှားနိုင်ပြီး ဂျိုင်းသားသန့်စင်မှာပါ။ ဒီလို exfoliation မလုပ်ရင်တော့ ဂျိုင်းသားက ဆဲလ်သေတွေ၊ ဂျီးတွေ၊ အညစ်အကြေးတွေနဲ့ မဲနေမှာပါ။

ဟော်မုန်းမမျှတခြင်းကြောင့်လည်း ဂျိုင်းမဲတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

ဂျိုင်းမဲတာကိုသက်သာစေပြီးပြန်ဖြူလာစေမယ့်နည်းလမ်းများ

ဂျိုင်းမဲတာကိုသက်သာစေပြီး ပြန်ဖြူလာစေမယ့်နည်းလမ်းတွေ အများကြီးထဲကမှ အလွယ်ကူဆုံးနည်းလမ်းတွေကို ရွေးပြီး မျှဝေပေးလိုက်ပါတယ်။

သံပယိုရည်

သံပယိုရည်နဲ့ ရေကို ဆတူရောပြီး ဂျိုင်းမှာပွတ်လိမ်းပေးပါ။ မိနစ်အနည်ငယ်ထားပြီးရင် ရေချိူးလိုက်ရုံပါပဲ။

အာလူး

အာလူးကိုခြစ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့အာလူးအရည်ကိုမှ ဂျိုင်းမှာပွတ်လိမ်းပြီး တစ်နာရီထားပါ။ အချိန်ပြည့်ရင် ရေဆေးချ (သို့) ရေချိုးလိုက်ရုံပါပဲ။

အုန်းဆီ

အုန်းဆီကို တစ်နေ့ ၂ ကြိမ် ဂျိုင်းမှာလိမ်းပေးခြင်းက ဂျိုင်းမဲတာကို သက်သာစေပါတယ်။ ဂျိုင်းချွေးထွက်တတ်ရင်တော့ ဒီနည်းလမ်းက အဆင်မပြေပါဘူး။

ခရမ်းချဉ်သီးအရည်

ခရမ်းချဉ်သီးကိုချေပြီး ထွက်လာတဲ့အရည်တွေကို ဂျိုင်းမှာလိမ်းပြီး တစ်ညထားပါ။ ပြီးမှ ရေချိုးလိုက်ရုံပါပဲ။

ပိုက်ဆံအကုန်ခံပြီး treatment တွေယူရင်တော့ အမြန်ဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းဖြစ်ပေမယ့် ပိုက်ဆံအကုန်မခံချင်ရင်တော့ ဒီအိမ်တွင်းဖြစ်နည်းလမ်းတွေကိုပဲ လုပ်ကြည့်သင့်ပါတယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့လုပ်ပေးရင်တော့ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။