စာလုံး ဒါမှမဟုတ် စကားစုတွေကို ပေါင်းစပ်ထားတဲ့ Script Tattoo ဆိုတာက လူကြိုက်အများဆုံး တက်တူးအမျိုးအစားတွေထဲမှာ တစ်ခုအပါအဝင်ပါ။ အဓိပ္ပာယ်တွေအများကြီးပါတဲ့ Script Tattoo ကို ထိုးတဲ့အခါ ထိုးပြီးမှ နောင်တရတာမျိုး မဖြစ်ရအောင်လို့ Script Tattoo ရွေးတဲ့အခါ ဒီအချက်တွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အရမ်းမသေးပါနဲ့

တတ်တူးက ကြာလာရင် အရောင်မှိန်သွားတာ မသိသာအောင်လို့ ထိုးတဲ့အချိန်မှာ နည်းနည်းထူထူနဲ့ ခွာပြီးထိုးပါ။

အဓိပ္ပါယ်ရှိအောင်လုပ်ပါ

ထိုးဖို့ရွေးထားတဲ့ စကားစုက နောင်ငါးနှစ် သို့မဟုတ် နှစ်ဆယ်-နှစ်ဆယ်အတွင်းမှာ သင့်အတွက် အဓိပ္ပာယ်ရှိနိုင်၊ သို့မဟုတ် မရှိနိုင်ဘူးလားဆိုတာကို သေချာစဉ်းစားပါ။

နှစ်ခါပြန်စစ်ပါ

တတ်ထူးကမှားသွားရင် ပြင်ဖို့ခက်တာမလို့ ထိုးတဲ့အခါ စာလုံးပေါင်းမှန်မမှန် သေချာစစ်ပါ။

နားမလည်တဲ့ဘာသာစကားမထိုးပါနဲ့

ကိုယ်နားမလည်တဲ့ နိုင်ငံခြားဘာသာစကားကို ထိုးတဲ့အခါ စာလုံးပေါင်း ဒါမှမဟုတ် တခုခုမှားသွားခဲ့ရင် အဓိပ္ပာယ်တစ်မျိုးပြောင်းသွားနိုင်တာမလို့ ကိုယ်မသိတဲ့ဘာသာစကားကို မထိုးတာ အကောင်းဆုံးပါပဲ။

တခြားလူနာမည်မထိုးပါနဲ့

ဆက်ဆံရေးဆိုတာ ဘယ်တော့မှ သေချာပေါက်မရှိပါဘူး။ မိသားစု ၊ ချစ်သူဘဲဖြစ်ဖြစ် အခြေအနေတွေက အမျိုးမျိုးပြောင်းလဲသွားနိုင်တာမလို့ သင့်အသားအရေမှာ တခြားတစ်ဦးတစ်ယောက်ရဲ့နာမည်ကို တံဆိပ်မကပ်သင့်ပါဘူး။

နေရာသေချာရွေးပါ

ထိုးထားတဲ့တတ်တူး ကြာရှည်ခံမခံဆိုတာက တတ်တူးထိုးတဲ့နေရာပေါ် မူတည်ပါတယ်။ နောက်ကျောလို ကျယ်တဲ့နေရာမှာထိုးတာက အကောင်းဆုံးဖြစ်ပြီး ပေါင်၊ ခါး ၊ လက်မောင်းတို့လို အကွေးအဆန့်များတဲ့နေရာတွေကိုတော့ ရှောင်သင့်ပါတယ်။