မင်္ဂလာပါ ပျိုမေလေးတွေရေ…အားကစားလည်းလုပ်တယ်၊ အဆီအဆိမ့်တွေလည်း ရှောင်တယ်၊ ကြက်ကြော်တို့ ဟမ်ဘာဂါတို့ စတဲ့ Fast Foodတွေကိုဆို စိတ်ကူးထဲတောင် မထည့်မိအောင် ကြိုးစားနေရဲ့သားနဲ့ ဘာဖြစ်လို့ ကိုယ်အလေးချိန်မကျပဲ့ ဆန့်ကျင်ဘက် ဝိတ်ပဲ့တက်လာတယ်ဆိုတာကို အဖြေရှာမရဖြစ်နေပါသလား။ ဒါကြောင့် ပျိုမေလေးတွေ ဝိတ်ချနေရက်သားနဲ့ ဝိတ်မကျပဲ့ဖြစ်နေရတဲ့ အကြောင်းအရင်းတချို့ကို ပြောပြပေးလိုက်ပါတယ်နော်။ ကဲ..ဘယ်လိုအရာတွေက သင်ဝိတ်ကျဖို့အတွက် အဟန့်အတားဖြစ်နေသလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

မနက်စာကို အာဟာရပြည့်အောင် မစားသုံးခြင်း

Tel Aviv တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြောကြားချက်အရ အရသာရှိတဲ့ မနက်စာကို စားသုံးခြင်းဖြင့် မိမိကိုယ်ကိုအလိုလိုက်ခြင်းက ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်တဲ့။ ပရိုတိန်းဓာတ်၊ ကာဗိုဟိုက်ဒြိုက်ဓာတ်နဲ့ အချိုဓာတ်များ စုစည်းပါဝင်တဲ့ ကယ်လိုရီ ၆၀၀ ခန့်ပါဝင်သောမနက်စာ စားသုံးပေးခြင်းက မိမိရဲ့ဝိတ်ချမယ့် အစီအစဉ်ကို မပျက်မကွက်လိုက်နာနိုင်အောင် ကူညီပေးနိုင်လို့ပါပဲ။

အိပ်ရာအခန်းကို အမှောင်ချထားခြင်း

အိပ်ရာနိုးတာနဲ့ လိုက်ကာလေးဖွင့်မယ်၊ ပြတင်းပေါက်လေးဖွင့်ခြင်းဖြင့် နေရောင်ခြည်ထဲက အပြာအလင်းတန်းလှိုင်းတွေက သင့်ခန္ဓာကိုယ်ကို နိုးကြားတက်ကြွလာအောင် ပြုလုပ်ပေးပါတယ်။ မနက်ခင်းအလင်းရောင်ကို မိနစ် ၂၀၊ ၃၀ ခန့် ရရှိခြင်းက သင့်ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်လို့ပါပဲ။

အိပ်ရာ သေသေသပ်သပ် မထားရှိခြင်း

အမေရိကန်နိုင်ငံက အိပ်စက်ခြင်းဆိုင်ရာ လေ့လာချက်တစ်ခုအရ မနက်ခင်းနိုးလာတာနဲ့ အိပ်ရာသိမ်းပြီး ညဘက်ကျ အိပ်ရာသပ်သပ်ရပ်ရပ်လေးပေါ်မှာ အိပ်စက်ခြင်းက ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်အောင် ပြုလုပ်ပေးပြီး ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုတယ်လို့ ဆိုထားပါတယ်။

ကိုယ်အလေးချိန် မှန်မှန် မချိန်ခြင်း

နေ့စဉ်မှန်မှန် ကိုယ်အလေးချိန် ချိန်ခြင်းက ဝိတ်ကျဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ Cornell တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေ ပြောကြားထားပါတယ်။ ကိုယ်အလေးချိန် ချိန်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မနက်နိုးနိုးချင်း အစာမစားခင်၊ ရေမသောက်ရသေးတဲ့အချိန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညဘက်အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ မရှိတော့တဲ့အတွက်ကြောင့် တိကျတဲ့ကိုယ်အလေးချိန်ကို ရရှိနိုင်လို့ပါပဲ။

အိပ်ချိန်များခြင်း

အိပ်ချိန်နည်းနေရင်လည်း ခန္ဓာကိုယ်က စိတ်ဖိစီးစေတဲ့ဟောမုန်းကိုထုတ်လုပ်ပြီး အစားအလွန်အကျွံစားချင်စိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အိပ်ချိန် ၁၀ နာရီထက် ကျော်လွန်မယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို တိုးစေပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေက တစ်နေ့အိပ်ချိန် ၇ နာရီကနေ ၉ နာရီပဲကြာမြင့်သင့်တယ်လို့ ပြောကြားထားပါတယ်။

ကဲ အခုဆိုရင် သင် ဘာလို့ ဝိတ်မကျသေးတာလဲဆိုတာ သိပြီးလောက်ပြီထင်ပါတယ်နော်။

Source: Brightside.me