ဆံပင်ဖွာတာ ဆံပင်ကြမ်းတာမျိုးတွေမရှိဘဲ ဆံကေသာကို နူးညံ့ဖြောင့်စင်းစေချင်တဲ့ပျိုမေတို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင် ပါတယ်နော်။ ဆံပင်အတွက် အရမ်းကြီးခေါင်းရှုပ်စရာမလိုဘဲ ဆံကေသာကို နူးညံ့ဖြောင့်စင်းစေဖို့ သဘာဝနည်းလမ်းကိုပဲအသုံးပြုပေးနိုင်ပါတယ်။

၁။ ကြက်ဥနဲ့ သံလွင်ဆီ

ကြက်ဥ ၂ လုံး နဲ့ သံလွင်ဆီအနည်းကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင်တော့ ဦးရေပြား ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပြီး ၁ နာရီ ကနေ ၂ နာရီထိထားပေးနိုင်ပါတယ်။

Shower Cap ကို ဆောင်းထားပေးရင်ပိုကောင်းပါတယ်။ ၁ နာရီ (သို့) ၂ နာရီလောက်ထားပေးလိုက်ပြီဆိုရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချပေးလိုက်ပါ။

၂။ အုန်းနို့နဲ့ သံပုယိုရည်

အုန်းနို့နဲ့ သံပုယိုရည်ကို သင့်ဆံပင်အထူအပါးပေါ် မူတည်ပြီး ဆတူရောလိုက်ပါ။ ပြီးရင်တော့ဦးရေပြား ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပြီး နာရီဝက် ၊ ၁နာရီလောက် ထားထားပါ။

အဲဒီနောက် ဆံပင်ကို ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့ လျှော်ချပေးလိုက်ပါ။

၃။ ငှက်ပျောသီး၊ ထောပတ်၊ ပျားရည်နဲ့ သံလွင်ဆီ

ငှက်ပျောသီးမှည့် ၂ လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကိုအရင်ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ပျားရည်နဲ့ ထောပတ်ကိုရောလိုက်ပါ။ အဲဒီနောက် သေချာမွှေပေးပြီး ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပါ။ အဲဒီနောက် ၁ နာရီလောက်ထားထားပြီး ခေါင်းလျှော်ရည် ၊ ပေါင်းဆေးတို့နဲ့ လျှော်ချပေးလိုက်ပါ။

ခုဖော်ပြခဲ့တဲ့ နည်းတွေကို တစ်ပတ် ၂ ကြိမ်လုပ်ပေးခြင်းဖြင့် ဆံကေသာ နူးညံ့ တောက်ပြောင်ပြီး ထူလာစေမှာဖြစ်ပါတယ်။