လက်ချောင်းထိပ်လေးတွေမှာ အရေခွံကွာတတ်တဲ့သူတွေအတွက် ဒီလိုအရေခွံကွာတာကို သက်သာပျောက်ကင်းသွားအောင် လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျသက်သာတဲ့ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် လက်ချောင်းထိပ်မှာ အရေခွံကွာတာမျိုး ဖြစ်နေရင် ဒီနည်းလမ်းတွေကိုလုပ်ကြည့်သင့်ပါတယ်။ လက်ဖဝါးမှာ အရေခွံကွာတာမျိုးတွေ ဖြစ်နေရင်လည်း ဒီနည်းလမ်းတွေကို သုံးလို့ရပါတယ်။

ရှားစောင်လက်ပတ်

ရှားစောင်းလက်ပတ်အပင်ကိုယူပြီး အထဲကအတွင်းသားဂျယ်လ်ကို ခြစ်ထုတ်ပြီး ရေခဲသေတ္တာထဲထည့် အအေးခံထားပါ။ ပြီးရင်တော့ အရေခွံကွာနေတဲ့နေရာကို အအေးခံထားတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ပွတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်ပွတ်ပေးရုံနဲ့ အရေခွံကွာနေတာတွေက အမြန်ဆုံး သက်သာပျောက်ကင်းသွားမှာပါ။ သူက အရေပြားယားတာကိုလည်း သက်သာစေပါတယ်။

အုန်းဆီ

အရေခွံကွာနေတဲ့နေရာကို အုန်းဆီလိမ်းပေးမယ်ဆိုရင်လည်း သက်သာပျောက်ကင်းစေပါတယ်။ လက်မှာ အရေခွံကွာတတ်တဲ့သူဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်း အုန်းဆီ (သို့) သံလွင်ဆီကိုသာ ပုံမှန်လိမ်းအိပ်ပါ။ အရေခွံကွာတာမျိုးတွေ လုံးဝမဖြစ်တော့ပါဘူး။

ပျားရည်

အရေခွံကွာနေတဲ့နေရာကို ပျားရည်စစ်စစ်လိမ်းထားပေးပြီး တစ်နာရီခွဲကြာအောင်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကလည်း အရေခွံကွာတာကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ အဓိကကတော့ ပျားရည်က အသားအရေကို Moisturizer အပြည့်အဝပေးနိုင်လို့ပါပဲ။

ရေများများသောက်ပါ

ရေသောက်နည်းရင်၊ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှုမရှိတဲ့အတွက် အသားခြောက်ပြီး လက်ချောင်းထိပ်တွေ၊ လက်ဖဝါးတွေမှာ အရေခွံကွာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေကိုပဲ တစ်နေ့ကို အနည်းဆုံး ဖန်ခွက် ၁၀ ခွက်စာ သောက်ပေးပါ။