ပိတ်လှောင်နေတဲ့ အတ္တနံရံတွေထဲမှာ နေနေပြီး အမြင်ကျဉ်းတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်နေပြီလား။ ပိုပြီး ကျယ်ပြောတဲ့ လောကအသိအမြင်တွေကို ရဖို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားတောင့်တနေပါသလား။ အခုပြောမယ့် နည်းလမ်းလေးတွေ သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) မိတ်ဆွေဖွဲ့ပါ

Photo: Freepik

လောကအမြင် ကျယ်ချင်တယ် ၊ စိတ်တံခါတွေ ဖွင့်ထားချင်တယ်ဆိုရင် လူတွေအကြောင်း သိအောင် လုပ်ဖို့ လိုပါမယ်။ တစ်ယောက်တည်း ဧကစာနေသူတွေရဲ့ လူတွေကို သိတယ်ဆိုတဲ့ စကားဟာ ဟာသပါ။ လူတွေနဲ့ တကယ်မဆက်ဆံဘဲသူတို့အကြောင်းကို သိဖို့ မဖြစ်နိုင်ပါဘူး။ အပြင်မှာ တကယ်လူတွေနဲ့ တွေ့ကြုံပတ်သက်လာရတဲ့အခါ အရေးကြီးတဲ့ သတင်းစကားတစ်ခု ရလာပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ဟာ အခြေအနေသစ်တွေမှာ မထင်မှတ်တဲ့နည်းတွေနဲ့ ပြုမူတတ်တယ်ဆိုတဲ့ အချက်ပါပဲ။

(၂) စိတ်ကို ငြိမ်အောင် ထားတဲ့အကျင့် လုပ်ပါ

Photo: Freepik

ဘယ်လောက်ရှုပ်ထွေးပွက်လောရိုက်နေပါစေ ။ ကိုယ့်ခေါင်းထဲမှာ ဘာအသံဗလံမှ မရှိ ၊ တိတ်ဆိတ်ကြည်လင်နေအောင် ထားနိုင်မယ်ဆိုရင် သင်ဟာ တကယ်ထူးချွန်ပြီး ခမ်းနားနေတော့တာပါပဲ။ စိတ်ကို အလိုရှိသလို ထိန်းချုပ်နိုင်သူဟာ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ်နဲ့ နီးနွှယ်ရာကိုပါ ထိန်းချုပ်နိုင်လောက်တဲ့ အင်အားကြီး စိတ်စွမ်းအားတစ်ရပ် ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

(၃) စေ့စပ်သေချာတဲ့ သဘောမတူညီမှုမျိုးပဲ လုပ်ပါ

Photo: Freepik

ပြဿနာတစ်ခုခုနဲ့ ကြုံတိုင်း ငြင်းခုံမယ် / တိုက်ခိုက်ဆန့်ကျင်မယ်ဆိုတဲ့ သဘောထားမျိုးကို မကိုင်ထားပါနဲ့။ ပြဿနာကို နားလည်အောင် လေ့လာပါ။ သေချာမျှတတဲ့ ဘက်ကနေ မတူညီတဲ့ဆန့်ကျင်မှုတွေကို ပြသပါ။ ကိုယ့်ကို သူတစ်ပါး နားလည်စေဖို့ အရင်ဆုံး ကိုယ်က တစ်ခြားသူကို နားလည်အောင် လုပ်ရမှာပါ။

(၄) အရိုးစွဲတာတွေ ဖျောက်ပစ်ပါ

Photo: Freepik

လုပ်ရိုးလုပ်စဉ်တွေက ကောင်းပါတယ်။ သက်တောင့်သက်သာရှိပြီး သိပ်စဉ်းစားစရာမလိုတဲ့ အားသာချက်တွေ ရှိတာကိုး။ ဒါပေမယ့် လုပ်ရိုးလုပ်စဉ်တွေမှာလည်း ပြဿနာရှိတာပါပဲ။ လုပ်ရိုးလုပ်စဉ်တွေက အသစ်အသစ် လမ်းပွင့်ဖို့အတွက် အတားအဆီး ဖြစ်စေပါတယ်။ အမြင်သစ်တွေ လိုချင်ရင် အရိုးစွဲတဲ့ လုပ်ရိုးလုပ်စဉ်တွေကို ဖယ်ရှားသင့်ပါတယ်။