အားလုံးပဲ မင်္ဂလာပါ။ Friend Zone လို့ အမည်ရတဲ့ ထိုင်းရုပ်ရှင်ကားကို တရင်းတနှီးနဲ့ ကြားဖူးနားဝရှိကြမှာပါနော်။ ဒီရုပ်ရှင်ကားက လတ်တလောမှာ လူငယ်တွေကြား ရေပန်းစားနေတဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ရေပန်းစားဆို ဇာတ်လမ်းကလည်း ကောင်းသလို မင်းသမီး၊ မင်းသားတွေကလည်း ချောမောလှပကြတာကိုး။

အထူးသဖြင့် မင်းသမီးချောလေး Baifern ရဲ့ အလှက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်လေးရေပန်းစားနေတာကို တွေ့ရပါတယ်။

Baifern ဆိုတာကတော့ သူမရဲ့ နာမည်ပြောင်ဖြစ်ပြီး နာမည်ရင်းကတော့ Pimchanok Luevisadpaibul ဖြစ်ပါတယ်။ သူမကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က မွေးဖွားခဲ့တာပါ။ သူမရဲ့ အရပ်အမြင့်ကတော့ ၅ ပေ ၄ လက်မ (၁.၆၅ မီတာ) မြင့်ပါတယ်။ သူမက ၂၀၀၉ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ သရုပ်ဆောင်အလုပ်လည်း လုပ်ကိုင်နေသလို အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကို မြန်မာပြည်က ပရိသတ်တွေ စတင်သတိထားမိခဲ့တဲ့ကားကတော့ “Crazy Little Thing Called Love” (သို့) “First Love” လို့အမည်ရတဲ့ ဇာတ်ကားလေးနဲ့ပါ။ အဲ့ဒီဇာတ်ကားထဲမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Mario Maurer နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာပါ။Baifern က အခုနောက်ဆုံးထွက်ရှိထားတဲ့ Friend Zone ဇာတ်ကားလေးနဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိထားတာပါ။

နတ်သမီးလေးလို လှပတဲ့ Baifern လိုပဲ ပျိုမေလေးတို့လည်း သူမလို နတ်သက်ကြွေပြီး နတ်သမီးလေးလိုလှပဖို့အတွက် သူမရဲ့ ဆံပင်စတိုင်လ်လေးတွေကို နမူနာယူပြီး ပြင်ဆင်ထုံးဖွဲ့လို့ရအောင် ဝေမျှပေးလိုက်တယ်နော်။

Photo Source: Pinterest.com