ကျန်းမာရေးအတွက် ဒါမှမဟုတ် ခန္ဓာကိုယ်လှဖို့ Gym သွားတော့မယ်ဆိုရင် အခြေခံပစ္စည်းတွေ ကိုယ်နဲ့တပါတည်း မဖြစ်မနေယူဖို့ အရေးကြီးပါတယ်။ ဒါကတော့ အခုမှ Gym စဆော့မယ့်သူတွေ Gym သွားတဲ့အခါ မဖြစ်မနေ ယူသွားသင့်တဲ့ ပစ္စည်းတွေပါ။

ရေဘူး

အားကစား အိတ်ထဲမှာ ရေပုလင်း ဆောင်ထားဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အားကစားလုပ်တဲ့အခါ ရေဓာတ်တွေခမ်းကုန်တာမလို့ ရေဓာတ်ပြန်ဖြည့်ဖို့က အရေးကြီးပါတယ်။ တစ်ခါသုံး ပလတ်စတစ်ဘူးတွေက ကျန်းမာရေးကို ထိခိုက်နိုင်တာမလို့ ပြန်သုံးလို့တဲ့ဘူးမျိုးသုံးပါ။

Gym ဝတ်စုံ အပိုတစ်စုံ

အိတ်ထဲမှာ အားကစားဝတ်စုံတစ်စုံ အမြဲဆောင်ထားပါ။ ဒါမှ အကြောင်းတစ်ခုခုကြောင့် ဝတ်ထားတဲ့ဝတ်စုံက အဆင်မပြေဖြစ်သွားတာမျိုးဆို အဆင်သင့်လဲလို့ရမှာပါ။ ဥပမာ – ဒေါက်ဖိနပ်နဲ့အလုပ်မလုပ်နိုင်တော့တဲ့အ ခါမျိုးဆိုရင် ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ ဖိနပ်နဲ့ ခြေအိတ်တစ်စုံကို အိတ်ထဲမှာ အမြဲထားတာက သင့်အတွက် အကူအညီဖြစ်မှာပါ။

Dry Shampoo နဲ့ Hair Accessories

ဆော့တဲ့ Gym မှာက ရေချိုးခန်းမပါဘူးဆိုရင် Dry Shampoo က သေချာပေါက်လိုအပ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းအပေါ် အာရုံစိုက်နိုင်ဖို့ ဆံပင်ညှပ်နဲ့ ခေါင်းစည်းလိုမျိုး Hair Accessories တွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။

Basic Skincare

လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းမှာ အသားအရေကို ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ Gym မသွားခင် မိတ်ကပ်ဖျက်ပါ။ လိုအပ်ပါက Micellar Water ကိုသုံးပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် မျက်နှာနဲ့ လည်ပင်းမှာရှိတဲ့ အဆီတွေနဲ့ ချွေးတွေကို သေချာသန့်ရှင်းအောင်လုပ်ပါ။ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။

ချွေးနံ့ပျောက်ဆေး နဲ့ မျက်နှာသုတ်ပုဝါ

အဝတ်တွေမှာ ချွေးတွေရွှဲနေတာက လေ့ကျင့်ခန်းလုပ်နေချိန်မှာ သင့်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ချွေးကိုကောင်းကောင်းစုပ်နိုင်တဲ့ မျက်နှာသုတ်ပုဝါကို ဆောင်ထားပါ။ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း အနံ့အသက်ဆိုးကနေကင်းဝေးဖို့ ချွေးနံ့ပျောက်ဆေးကို အလွယ်တကူ ဆောင်ထားပါ။

နားကြပ်

Music က လေ့ကျင့်ခန်းလုပ်နေတဲ့တစ်လျှောက်လုံး သင့်ကို စိတ်အားတက်ကြွစေပါတယ်။ ဒါကြောင့် Gym သွားတော့မယ်ဆို အားကစားအိတ်ထဲ နားကြပ်ထည့်ထားလိုက်ပါ။ တတ်နိုင်ရင် နားကြပ်ကောင်းကောင်းလေးတွေ ၀ယ်ပါ။