စည်းစိမ်ဥစ္စာ ၊ ငွေကြေးတွေဟာ စနစ်တကျမကိုင်တွယ်တတ်ခဲ့ရင် ရေလိုပဲအပေါက်ရှာပြီး ကိုယ့်ဆီကထွက်ပြေးမှာပဲ ဖြစ်ပါတယ်။ အဲ့အတွက် ကိုယ်ပိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို မပျောက်ပျက်ရအောင် ရှိရင်းစွဲထက်လည်း ပိုတိုးပွားလာအောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းစနစ်တွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။

အသုံးချပါ

Photo : Freepik

ကိုယ့်ဆီမှာရှိတဲ့ ငွေကြေးဟာ သိမ်းဆည်းထားလို့ မရပါဘူး။ ငွေဆိုတာဟာ တဖြည်းဖြည်း လုံးပါးပါးတတ်လို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်ငွေကြေးကို မှန်ကန်စွာ အသုံးချဖို့ကြိုးစားပါ။

ရင်းနှီးမြှပ်နှံပါ

Photo : Freepik

ငွေကို အသုံးချရမယ်ဆိုတဲ့အတွက် နားရှုပ်သွားနိုင်ပါတယ်။ ငွေကို ဘယ်လိုအသုံးချမလဲ။ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နံှမှုပြုဖို့ပဲ ဖြစ်ပါတယ်။

ငွေကို တိရစ္ဆာန်တစ်ကောင်လိုခိုင်းပါ

Photo : Freepik

ငွေကိုမသနားပါနဲ့။ ကိုယ့်မှာရှိတဲ့ငွေအရင်းအနှီးကို ဘယ်လိုနေရာတွေ၊ ဘယ်လိုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံသင့်သလဲဆိုတာကို အမြဲတွေးနေဖို့ လိုအပ်ပါတယ်။ အဆိုပါရင်းနှီးမြုပ်နှံမှုကနေ ဘယ်လိုအကျိုးအမြတ်တွေ ရရှိနိုင်မလဲဆိုတာကို လည်းသိနေရပါမယ်။ ငွေကိုခိုင်းနွားတစ်ကောင်လို အချိန်ပြည့်ခိုင်းနေနိုင်ဖို့ လိုအပ်ပါတယ်။

ငွေကို ရိုသေလေးစားပါ

Photo : Freepik

ငွေကိုနွားတစ်ကောင်လို ခိုင်းစားနိုင်ပါတယ်။ ဒါပေမယ့်မရိုမသေ၊ မလေးမစားတော့ မလုပ်မိပါစေနဲ့။ အမြဲ မြတ်နိုးတန်ဖိုးထားပြီး ချစ်ခင်ယုယပေးပါ။ ဒါမှငွေက ကိုယ့်ဆီမှာပျော်ရွှင်မှာဖြစ်ပါတယ်။